အခန်း-၅

11K 1.7K 50
                                    

"ကျွန်တော်အလှပြင်ချင်တယ်"

ရှန်မိသားစု ဟာ အတော်အတန်စည်းကမ်းတင်းကြပ်တဲ့မိသားစုထဲမှာပါသည်... သခင်လေးလေးယောက်ရဲ့ ပုံပန်းနဲ့စိတ်နေသဘောထားတွေက ကွဲပြားကြပေမယ့် ယဉ်ကျေးမှုနဲ့ စည်းကမ်းလိုက်နာမှုကတော့အားလုံး တပုံစံထဲပင်.. ပုံမှန်ဆိုရင် မိန်းမပျက်အိမ်ခေါ်လာဖို့မပြောနဲ့ အဲ့လိုနေရာတွေမှာ အရက်တောင်သွားသောက်လေ့ မရှိပေ..ထို့ကြောင့် အခုလို ရှန်ချန်ချန်ရဲ့
ပုန်ကန်မှုကြီးဟာအတော်လေးကို အံ့အားသင့်စရာဖြစ်တဲ့အလျှောက် မီးဖိုထဲမှ အစေခံအမျိုးသမီးများသည်မျက်ခုံးတပင့်ပင့် နှင့် အတင်းတုပ်မဆုံးဖြစ်နေကြသည်..

သိကြတဲ့အတိုင်းပဲ အတင်းဆိုကတည်းက ချဲ့ကားမှုမပါရင်မပြီးပေ.. ညနေ ချင်ရှောင်ယွီပြန်ရောက်လာချိန်တွင်တော့ ထိုအတင်းအဖျင်းပေါက်ကရများသည်... မြင်းရိုင်းများသဖွယ် အရပ်လေးမျက်နှာသို့ အထိန်းအကွပ်မဲ့စွာ ပျံ့နှံ့နေပြီဖြစ်သည်... နှစ်ဦးသားမှာ အခန်းထဲမှမထွက်နိုင်အောင်ကို ချစ်ရည်လူးနေကြသည်ဟူသော သတင်း...  ဒိထက်ဆိုးသည့်သတင်းကမူ မိန်းမငယ်သည် မြေခွေးမိစ္ဆာဖြစ်နေပြီး ညညဆို ဒုသခင်လေးနဲ့အတူ အမြီးကိုးချောင်းကိုဖြန့်ကာဖြန့်ကာနှင့် ကတက်သည်ဆိုသော သတင်း .... နောက်သတင်းတခုကတော့ ဒုသခင်လေးက အမျိုးသားထုကို ကာကွယ်ရန် ရန်ဓာတ်လွှတ်ပေးဖို့ရာ မြေခွေးမနှင့်အတူနေထိုင်ပြီး ယင်ဓာတ်ကိုခြေဖျက်နေသည်ဆိုသည့် သတင်း ... စသဖြင့် မဟုတ်ကဟုတ်က သတင်းများပွတ်လောရိုက်လျက်ရှိသည်...

ဒုသခင်လေးက အခုဆို မြေခွေးအစွယ်ပါထွက်နေပြီဆိုသော ပေါင်တိုး နောက်ဆုံးကြားလာတဲ့ အတင်းဗားရှင်း အသစ်ကိုနားထောင်ပြီးချိန်မှာတော့ ချန်လင် ခြံထဲမှာ ထိုင်ချကာ ခွက်ထိုးခွက်လန်ပဲရယ်နေမိတော့သည်.. ဒီနေရာကလူတွေက သူ့အရင်ဘ၀က ပါပါရာဇီတွေထက်ပင် ချဲ့ကားနိုင်လွန်းကြသည်.....အထူးသဖြင့် အတင်းတိုင်းမှာ လုံးဝအသေးစိတ်ပင်ပါသေးရာ အလွန်ကိုဝါသနာကြီးကြီးနဲ့ စိတ်ပါဝင်စားစွာဖန်တီးထားကြ သည်မှာသိသာသည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now