အခန်း-၃၄

7.2K 1.4K 123
                                    

အခန်း-၃၄

အားလုံး ထွက်သွားကြ!!

အခန်းထောင့်မှ ချွတ်ခနဲအသံတခုကြားလိုက်သည်... ကျောက်ဝူချက်ချင်းပင် ဓားကိုဆွဲထုတ်ကာ ကလကာ ကို ခုတ်ဖြဲလိုက်၏..

ဟွာထန်က သေချာမဝတ်ရသေးဘဲ လဲသွားသည့်ဟန်ပင်.. အကျီက ကြိုးမစည်းရသေးပေ...

"ဘယ်လက်ရုံး" ကျောက်ဝူ သူမထံသို့ အပြေးသွားကာ ထူဖို့ ပြင်လိုက်စဉ်တွင်ပင် အနောက်မှ အသံကြားလိုက်ရသည်...

သူ့ရဲ့ နှစ်ပေါင်းများစွာကျင်လည်လာတဲ့ သိုင်းလောကအထာအရ ကျောက်ဝူ အမြန်ပင် လှစ်ခနဲ ရှောင်လိုက်ကာ ဟွာထန်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်..

ဓားမြှောင်အသေးစားလေးများက သူရပ်နေခဲ့သည့်နေရာကို အစုလိုက်အခဲလိုက်စိုက်ဝင်ကုန်ကြသည်..

အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်က အမြန်ပင် ပြတင်းပေါက်မှာ ခုန်ဆင်းကာထွက်ပြေးသွား၏..

ဟွာထန်သတိမရသေးသည့်အတွက် ကျောက်ဝူက ထိုလူ့နောက်ကို လိုက်ဖို့စိတ်ကူးမရှိပါချေ.. သူမကို သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်ဝတ်ပေးလိုက်သည်.. မျက်နှာကတော့ ခရမ်းချဉ်သီးရောင်ပေါက်လျက်...

အောက်မှာ ပျော်ပျော်ရွှင်ရွှင်စားသောက်နေသည့်လူတစ်စုကတော့ ဘာမှမသိ ဟွာထန်ကို ချီလာသည်ကိုမြင်တော့မှ မျက်နှာပျက်သွားကြသည်.. ချင်ရှောင်ယွီက မေးသည်.. "ဘာဖြစ်တာလဲ"

"ချောင်းတိုက်ခိုက်ခံရလို့"ကျောက်ဝူကပြောသည်.. "ဒီလက်အောက်ငယ်သား အသုံးမကျလို့ လုပ်ကြံသူကိုတော့ မဖမ်းမိလိုက်ပါဘူး"

"အပေါ်တက်ပြီး သွားရှာကြစမ်း" ချင်ရှောင်ယွီမျက်နှာက ဒေါသ အပြည့်နှင့်ဖြစ်သည်... သူဒီတခါ သတိလက်မဲ့ဖြစ်သွားတယ်လို့ခံစားရတယ်..

ချန်လင်က စောင်ကိုဖြန့်ကာ ဟွာထန်ကို လှဲဖို့နေရာပြင်ပေးပြီး ကျောက်ဝူက ဟွာထန်ကို စောင်ပေါ်သို့ အသာ ချလိုက်သည်..

သူမသွေးခုန်နှုန်းကို ချင်ရှောင်ယွီက စမ်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်သည်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now