အခန်း-၁၅

9.2K 1.6K 99
                                    

"နှင်းဖန်လုံး"

"ဘယ်လိုနေရာကြီးလို့ထင်တာတုန်း" ချင်ရှောင်ယွီက နားမလည်ပေ

"ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး.. မပြောနဲ့တော့" ချန်လင်က လက်ကေဝေ့ရင်းပြောလိုက်သည်..

"ဒီမှာ ဘာလုပ်တာလဲ"

"ပြဇာတ်ကြည့်မယ်လေ" ချင်ရှောင်ယွီကပြောသည်..

ပြဇာတ်? ကြားတာနဲ့ ချန်လင်စိတ်ဝင်စားမှုပျောက်သွားကာ သန်းလိုက်သည်..

နိုင်ငံတော် အနုပညာအမွေအနှစ် ဘာညာ ဆိုပေမယ့်လည်း မကြည့်တတ်တာက မကြည့်တတ်တာပါပဲ.. IMAXမှာ screen အကြီးကြီးနဲ့ 3Dတွေကြည့်ခွင့်မရနိုင်တော့ဘဲ ဒီလို 'ရိရိ ယယ' ဆိုတာတွေပဲ ကြည့်ရတော့မယ်ဆိုတာ တွေးမိတာနဲ့ ချန်လင် နံရံနဲ့ ခေါင်းနဲ့ ပြေးဆောင့်ပြီး အရင်ဘ၀ကိုရောက်ချင်သွားသည်..

"မကြည့်ချင်ဘူးလား" ချင်ရှောင်ယွီက မေးသည်..

အင်းမကြည့်ချင်ပါဘူး...ချန်လင်ခေါင်းခါရင်းတွေးလိုက်သည်.. ဓားနဲ့ သိုင်းချင်းဖလှယ်တာကြည့်ရတာကမှပျော်ဖို့ကောင်းဦးမယ်..

"ဒီနေ့ ဒီမှာ ရင်လော့ရွှယ်လဲရှိတယ်" ချင်ရှောင်ယွီက ပြောသည်..

ချန်လင် အူတူတူဖြစ်သွားသည်.. "ရင်လော့ရွှယ် ကဘယ်သူလဲ"

ချင်ရှောင်ယွီက ခနဲ့သလိုပြုံးသည်.. "တကယ်မမှတ်မိဘူးလား"

အဲ့လိုလူရိုက်ချင်အောင် မပြုံးပါနဲ့... ချန်လင် သတိနဲ့မေးလိုက်သည်.. "ငါ့ရဲ့ အရင်ရည်းစားတွေထဲက တစ်ယောက်လို့တော့ မပြောနဲ့"

"ရည်းစားလို့တော့သတ်မှတ်လို့မရဘူး.. ဒါပေမယ့်သူက မင်းကို လုံးဝအလွတ်မပေးနိုင်ဘူး" ချင်ရှောင်ယွီက မျက်ခုံးတဖက်ကိုပင့်ပြီးဆက်ပြောသည်..

"မင်းအတွက်နဲ့ ငါ့ကျွေ့ရင်ဂိုဏ်းကိုတောင် ဖျက်မယ်လို့ ကြိမ်းထားတာ"

*******************

"သူက ယောကျာ်းလား မိန်းမလား" ချန်လင် ခပ်တည်တည်နှင့်မေးလိုက်သည်..

"ယောကျားပေါ့" ချင်ရှောင်ယွီ ပြန်ဖြေပုံက မိန်းမဖြစ်စရာလားဆိုသည့်ရုပ်နှင့်..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now