အခန်း-၂၄
ခရီးစဉ်ခဏရပ်ခြင်း
ရေချိုးပြီးနောက် ချန်လင်က ဟင်းများတဖြဲနှစ်ဖြဲစားသည်..ငါးနဲ့ဂျင်းစပ်စပ် ဟင်းချိုတစ်ပန်းကန်လုံးမြိုသည်.. စားလို့ဝတော့ ချင်ရှောင်ယွီက သယ်သွားပြီးကုတင်ပေါ်ကို တင်သည်...
"မအိပ်ချင်ဘူး" ချန်လင်က ဆန္နပြ၏.
"မအိပ်ချင်လဲ အိပ်ရမယ်" ချင်ရှောင်ယွီက သူ့ကိုစောင်ခြုံပေးပြီးပြောသည်..
"ဘာလို့ လဲ?" ချန်လင်က လက်တွေကိုစောင်အောက်ကပြန်ထုတ်ပြီး ပုန်ကန်သည့်ဟန်နှင့်ပြောသည်..
ချင်ရှောင်ယွီက ရယ်ကာ သူ့လက်၂ဖက်ကိုစောင်အောက်ထဲပြန်ထည့်ပေးပြီးပြောသည်. ."အအေးဆိပ်ကမိထားတာ.. မိုးကလဲ စိုလိုက်သေးတယ်.. စောင်ထဲမှာနေပြီး ချွေးထွက်အောင်လုပ်ရမယ်"
ချန်လင်ကမျက်မှောင်ကြုတ်သည်.."အအေးဆိပ်က ဆောင်းရာသီမှ ထတာမဟုတ်ဘူးလား"
"မင်းအေးရင်လဲ အဆိပ်ကကြွတယ်..ဆောင်းတွင်းကတော့ အဆိပ်ထတာပိုစိပ်တာပေါ့" ချင်ရှောင်ယွီက ကုတင်ဘေးမှာထိုင်လိုက်သည်.. "မဆော့နဲ့တော့"
သူ့စကားကြားတော့ ချန်လင်စိတ်ညစ်သွားပြီး သက်ပြင်းကိုထပ်ခါထပ်ခါချမိသည်..
ငါဘာလို့ဒီလောက်တောင်ကံဆိုးရတာလဲ...
"အိပ်တော့" ချင်ရှောင်ယွီက သူ့အဝတ်သူပြင်ဆင်ပြီး ဘေးမှာလှဲသည်..
"ဖုန်းကျိုရဲ့ ငါ့ကို ဘာလို့ဖမ်းချင်တာလဲ မင်းမပြောပြရသေးဘူး" အိပ်ချင်စိတ်မရှိတာကြောင့် ချန်လင်က စကားစလိုက်သည်..
ပြီးတော့ပြောရရင် ဒါသူသိခွင့်ရှိတဲ့ကိစ္စပဲလေ..
"ကိုယ်ဘယ်သိမလဲ" ချင်ရှောင်ယွီက ပြုံးသည်.. "ဖမ်းချင်တာမင်းကိုလေ ကိုယ့်ကိုမှမဟုတ်တာ.. မဟုတ်မှလွဲရော မြင်မြင်ချင်းချစ်သွားလို့များလား"
ချန်လင် "....."
ဒီကအစ်ကိုကြီး ခဗျားဘာအတွက် ဖုံးကွယ်နေတာလဲ..
"ရှေ့လျှောက်ခရီးက မအေးချမ်းတော့မှာ ကိုယ်စိုးတယ်" ချင်ရှောင်ယွီကစနောက်နေတာကိုရပ်ကာ အတည်ပြောသည်.. "ဒါပေမယ့် အရမ်းတော့ပူစရာမရှိပါဘူး.. ကိုယ်လူတွေထပ်ခေါ်ပြီး မင်းကိုကာကွယ်မယ်"
YOU ARE READING
Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)
Romanceအသက် ၂၂ နှစ်မှာ ရှန်ချန်လင်တစ်ယောက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုကိုကိုင် မျက်ရည်လေးဝဲပြီး ကျေးဇူးတင်စကားပြောနေချိန်မှာပဲ မျက်နှာကျက် ကအစိတ်အပိုင်းတစ်ခုဟာ သူ့ခေါင်းပေါ်ကွက်တိပြုတ်ကျသွားတယ်။ အဲ့နောက်တော့ သူဟာ အချိန်တွေကိုနောက်ပြန်...