အခန်း-၎

11.4K 1.6K 40
                                    

                      "ပြန်ရွေးလာတဲ့ ဘိုးဘေး"

"လာ .. အမေ့ဘေးထိုင်" ချန်လင်အပေါ်ထပ်ရောက်သည်နှင့် ရှန်ကတော်က သူ့ကိုဘေးသို့ဆွဲကာ ခုံတန်းတွင်ထိုင်စေသည်..အနားမှာရှိတဲ့ အစေခံမိန်းကလေးက ချက်ချင်းပင် ရေနွေးနှင့် သစ်သီးတချို့ လာချသည်.... စားပွဲပေါ်တွင်လဲ များပြားလှသော စားဖွယ်စုံများရှိသည်ဖြစ်ရာ တချက်ကြည့်ရုံနှင့် ကြာကြာထိုင်ဖို့ရည်ရွယ်မှန်းသိသာသည်..

ရှန်ချန်လင်အောက်ထပ်ကိုငုံ့ကြည့်လိုက်သည်.. "အစ်ကို ၂ရော" သူဘာလို့ သူ့အမေကိုဒီလိုလွှတ်ထားရက် ပါလိမ့်

"ခုနကအထိတော့သူ့အမေကို ချော့နေသေးတယ်... နောက်တော့ စိတ်ညစ်လာလို့ထင်တယ်. ထွက်သွားတယ်"
ရှန်ကတော်က နေကြာစေ့ဝါးရင်းပြောသည်..

" လွယ်လွယ်နဲ့ ငိုတတ်တဲ့ အမေတစ်ယောက်ရှိတာ ချန်ချန်အတွက်သနားစရာပဲ"

"အဟွတ် ဟွတ်" ချန်လင်ရေသီးသွားသည်..

"ဖြည်းဖြည်းသောက်လေ" ရှန်ကတော်က သူ့ကျောကိုအသာပုတ်ပေးရင်းပြောသည်.. လက်မှာဝတ်ထားသည့် ရွှေ ငွေ ကျောက်စိမ်း လက်ကောက်များက တချွမ်ချွမ်... တချက်ကြည့်တာနဲ့ ချမ်းချမ်းသာသာနေထိုင်နေရမှန်း မြင်သာသည်..

"အဖေ့ကိုသွားမခေါ်သင့်ဘူးလား.." ချန်လင်က စိတ်ပူပြီးပြောလိုက်သည်... "တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"ခေါ်စရာလား.." ရှန်ကတော်က ထအော်လိုက်သည်.. " မခေါ်ရုံတင်မကဘူး.. အမေလူလွှတ်ပြီးတောင် မင်းအဖေပြန်မလာအောင်အချိန်ဆွဲခိုင်းထားသေးတယ်.. တော်တော်နဲ့ပြန်လာအုန်းမှာမဟုတ်သေးဘူး"

ချန်လင် စိတ်ရှုပ်ထွေးသွားရသည်... အမေကဘယ်လိုလူပါလိမ့်

"သရုပ်ဆောင်တစ်ယောက်အတွက်အခက်ခဲဆုံးအရာကဘာလဲသိလား" ရှန်ကတော်ကမေးသည်.. ချန်လင်ခဏ စဉ်းစားလိုက်သည်.. "ခံစားချက်ကို ပီပြင်အောင် သရုပ်မဆောင်နိုင်တာ"

ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒီအဖြေကအသင့်တော်ဆုံးပဲလို့သူတွေးသည်..

သို့သော် ရှန်ကတော်က သဘောမတူပဲ ခေါင်းခါရင်းပြောသည်.. " ခံစားချက်နဲ့ဘာမှမဆိုင်ဘူး.. အခက်ခဲဆုံးအရာက ကိုယ်အသေအလဲသရုပ်ဆောင်နေတာကို ကြည့်မယ့်သူမရှိတာပဲ"

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now