အခန်း-၂

16.6K 1.7K 124
                                    

                    "ကလေးကိုမထိခိုက်မိစေနဲ့"

(web novel မှာ ရှန်ချန်ဖုန်း ရဲ့ လက်နက်ကို XX လို့ပဲရေးထားပါတယ်  ဒီမှာလဲ အဲ့လိုပဲရေးလိုက်ပါမယ်)

"အား" ချန်လင် ချွေးများရွှဲနစ်ပြီး လန့်နိုးလာသည်.
လေးဖက်လေးလံ လုံး တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဖယောင်းတိုင်အရိပ်ကလေးကသာ လှုပ်ရှားနေသည်..
တော်သေးတာပေါ့ အိမ်မက်မို့လို့..... ချွေးတွေကိုသုတ်လိုက်ရင်း သက်ပြင်းတချက်ချလိုက်သည်...

ရေထသောက်ဖို့ပြင်လိုက်တုန်းမှာပဲ ရုတ်တရက်မေးခွန်းတစ်ခု သူ့ဘေးကမေးလိုက်သည်....
"မိန်းမ ဘယ်သွားမလို့လဲ"

"အား" မျက်နှာဖြုစုတ်ပြီး ခေါင်းလှည့်ကြည့်လိုက်တော့ ကုတင် အတွင်းဘက်ခြမ်းမှာ ဘေးတစောင်း လက်ထောက် လှဲအိပ်ရင်းသူ့ကိုကြည့်နေတဲ့ ချင်ရှောင်ယွီကိုတွေ့ရသည်..တခုခုကို သဘောကျနေတဲ့ မျက်နှာထားနဲ့..... မကောင်းတာ တစ်ခုခုကြိတ်ကြံနေတဲ့ ရုပ်မျိုး.....

"မင်းဘာလို့ ငါ့ကုတင်ပေါ်ရောက်နေတာလဲ" ဟနေတဲ့အကျီရင်ဘတ်ကြောင့် ချန်လင် ပိုလန့်မိသည်။ မင်းရင်ဘတ်နဲ့ ပုခုံးကို မြန်မြန်ဖုံးစမ်းပါကွာ....

"ထူးဆန်းလိုက်တဲ့ မေးခွန်း" ချင်ရှောင်ယွီက သူ့မျက်နှာကို လှမ်းဆွဲဆိတ်ရင်းပြောလိုက်သည်။ "ကိုယ့်မိန်းမ ကုတင်မှာ မအိပ်လို့ဘယ်မှာသွားအိပ်ရမှာလဲ?"

ဘာစကားကြီးလဲ ..ဒီလိုအခြေအနေမျိုးမှာ သူသွေးပျက်လို့မဖြစ်ဘူး.. အကောင်းဆုံးမင်းသားတစ်ယောက်ရဲ့ စံနှုန်းနဲ့ သူပြန်ဖိုက်ရမယ်..

"ကြည့်စမ်းပါဦး ချွေးတွေချည့်ပဲ.. ရေချိုးပေးရမလား" ပြောရင်း ချင်ရှောင်ယွီ ထထိုင်လိုက်သည်...

"မလှုပ်နဲ့"  မင်းလှုပ်ရင် ငါ့ကိုယ်ငါသေပစ်မယ်လို့ ပါ ထပ်ပြောလိုက်ချင်သည်။

"မင်း ကိုယ့်ကို မြူဆွယ်နေတာလား" ချင်ရှောင်ယွီ က ရယ်ချင်တာကို မထိန်းနိုင်ဘဲ ရယ်ရင်းပြောသည်.

ဘယ်လိုလုပ် မလှုပ်နဲ့ဆိုတဲ့ စကားက မြူဆွယ်တဲ့သဘောရောက်ရတာလဲ... ချန်လင်တကယ်နားမလည်နိုင်တော့...

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now