အခန်း-၃၅

11.2K 1.7K 307
                                    

အခန်း-၃၅

ချုံဟွာတောင်ကြား

"ဒီလောက်ဖြစ်တာတောင် မသေဘူးလား" ချင်ရှောင်ယွီက တချက်ရယ်သည်. "ကံကောင်းတဲ့လူပဲ"

ဟွာထန်က မတ်တပ်ရပ်လိုက်သည်.. သွားကြည့်ဖို့ ပြင်လိုက်တာဖြစ်ပေမယ့် ရုတ်တရတ်မူးသွား၏

"အဆင်ပြေရဲ့လား" ကျောက်ဝူက အနားသို့ ချက်ချင်းရောက်သွားကာ မေး၏.. ဒါပေမယ့် သူမ မျက်စောင်းကြောင့် ချက်ချင်းပင် မိမိနေရာ သို့ ပြန်လှည့်သွားသည်..

ချင်ရှောင်ယွီက တစုံတခုကိုသိသည့်ဟန်ဖြင့်ပြုံးလိုက်ပြီး ချန်လင့်ကို ကြက်သားတတုံးခွံ့လိုက်သည်..

"အဟွတ် အဟွတ်" ခုနကသတိရသည့် လူနာက ချောင်းဆိုးသည်.. ဟွာထန်လဲ ထိုလူ့ဆီသွားကာ သွေးခုန်နှုန်းကိုစမ်း၏.. ထို့နောက် သူမက လက်တဖက်မြှောက်လိုက်ကာ နရင်းအုပ်ချလိုက်လေသည်...

တခန်းလုံးတိတ်သွား၏.. အားလုံး မျက်နှာကဘယ်လိုမှနားမလည်နိုင်သည့် ခံစားချက်များဖြတ်ပြေးလျက်ရှိသည်.. မိန်းကလေးတယောက်အနေနဲ့ ဒီလောက် ကြီးတော့ မကြမ်းသင့်ပါဘူး ဟုလဲတွေးနေကြသည်..

သေချာတယ် ဒီတသက်လင်မရဘူး....

"သတိလစ်နေတာက သူ့ ကိုယ်အတွက် ပိုကောင်းတယ်.. မဟုတ်ရင်သေသွားနိုင်တယ်" ဟွာထန် မတ်တပ်ရပ်လိုက်သည်.. "သူ့ကို ချုံဟွာကို သယ်ခဲ့ကြ.. ဆယ်ရက်အတွင်း ရအောင်ကယ်မယ်"

ရုတ်ချည်းပင် ချန်လင် သူမကို လေးစား သွားသည်.. တကယ်တော်ပြီး စိတ်ဓာတ်ပြင်းတဲ့ ဘယ်လက်ရုံးပဲ..

"အဲ့သလို အကြည့်နဲ့သူများကို မကြည့်ရဘူး" ချင်ရှောင်ယွီက ချန်လင့်မေးကိုကိုင်ကာ ဆွဲလှည့်လိုက်ပြီး ပြောသည်.. "စားစရာကိုကုန်အောင်စား"

ချန်လင် "...."

မင်းက တိုလွန်းပါတယ်...

ရင်ဘတ်လဲ မရှိပဲနဲ့ မင်းကိုတော့ ငါမကြည့်ချင်ပါဘူး...

**********

ကျန်သည့် ခရီးတလျှောက်ကတော့ အေးအေးချမ်းချမ်းပင်... ငါးရက်မြောက်နေ့ နေ့လည်ခင်းတွင်တော့ သူတို့အုပ်စု ချုံဟွာ မြို့ပြင်ကို ရောက်လာကြသည်... စစ်သည်တချို့က ဝင်ပေါက်တွင် အဝင်အထွက်စစ်ဆေးနေ၏..

Everywhere in Jianghu is bizarre (သိုင်းလောကရဲ့ ဘယ်နေရာမဆို ဗရုတ်သုတ်ခပဲ)Where stories live. Discover now