Unicode
ခုတင်ပေါ်တွင် သတိလစ်အိပ်ပျော်နေသည့်Taehyungကိုကြည့်ရင်း Jungkookရင်ထဲမကောင်း။
အခုလက်ရှိဖြစ်နေတဲ့Taehyungအခြေအနေကို သူလည်းမယုံကြည်နိုင်သေး။ ဘာလို့လဲTae... ဘာလို့မင်းကကျတော့အကုန်လုံးကိုမေ့ပစ်နိုင်ရတာလဲ? မင်းမေ့ပစ်လိုက်တိုင်း ကျေအေးပျောက်ပြယ်သွားမဲ့ကိစ္စမဟုတ်ဘူးဆိုတာ အားလုံးထက်မင်းကပိုသိခဲ့မှာပါ။
ချွေးစလေးတွေနဖူးစပ်လေးမှာစို့နေသည်မလို့ ခုတင်ဘေးဝင်ထိုင်လိုက်ရင်းနူဖူးထက်ဝဲကျနေသည့်ဆံပင်အုပ်အုပ်လေးကိုအသာသပ်တင်ပေးရင်း ချွေးလေးတွေကိုလက်ဖြင့်အသာသုတ်ပေးနေမိသည်။
ပြီးဆုံးခဲ့ပြီးပြီဖြစ်သည့်သူတို့အိမ်ထောင်ရေးမှာတစ်ယောက်နဲ့တစ်ယောက်မချစ်ခဲ့လို့မှမဟုတ်ကြပဲ။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ခဲ့ကြတာ။ သူ့ရဲ့ဒီမြတ်နိုးဖွယ်လူသားလေးကိုသိပ်ချစ်ခဲ့တာ။ ဒါပေမဲ့ အချစ်တွေများစွာကြားမှာနားလည်မှုတွေတော့လိုခဲ့သည်ထင်ပါရဲ့။
"ပြန်မလာနဲ့တော့Baby... ကိုယ်Babyကိုစိတ်နာလိုက်တာအရမ်းပဲ...အဲ့တာကြောင့်ခွင့်မလွှတ်ချင်တာမလို့ ဒီတိုင်းပဲအပြီးသတ်ကြရအောင် ကိုယ်ပေးတဲ့အပြစ်လို့ပဲသတ်မှတ်လိုက်Babe"
"Taehyungသတိမရသေးဘူးလား??"
ရေပတ်ဝတ်လေးရယ် ရေဇလုံလေးရယ်ဖြင့်အခန်းထဲသို့ဝင်လာသည့်Jimin။
"အင်း ရုတ်တရက်shockဖြစ်သွားတာပါ...."
Jiminက Taehyungရဲ့ကုတင်လေးပေါ်တက်ထိုင်ရင်းရေဝတ်လေးဖြင့်နဖူးပြင်နှင့်လည်ပင်းနားလေးကို သေချာလေးသုတ်ပေးနေသည်။
"ဘယ်လိုဆက်လုပ်မှာလဲJungkook? ငါသူ့ကိုသေချာရှင်းပြပေးမယ်လေ ပြီးတော့မင်းနဲ့လဲ.."
"ကျစ် Jiminမင်းဘာတွေလျှောက်စဉ်းစားနေတာလဲ?? ဘာမှရှင်းပြစရာမလိုဘူး မင်းရှင်းပြတော့ရောသူနားထောင်ပေးခဲ့လို့လား... "
"ဒါပေမဲ့ အခြေအနေတွေကမတူတော့ဘူးလေ... မင်းသေချာစဉ်းစားသင့်တယ် မင်းလဲTaehyungကိုမချစ်တော့တာမှမဟုတ်တာ ဒီအခွင့်အရေးကိုအသုံးချပြီးမင်းတို့တစ်ကနေပြန်စကြည့်သင့်တယ်"
YOU ARE READING
"𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}
Fanfiction"ကိုယ်သာTaeကိုနည်းနည်းလေးလောက် ပိုနားလည်ပေးခဲ့ရင်..." -Jeon Jungkook "ကျွန်တော်သာအရာအားလုံးထက် ကိုကို့ကိုပိုပြီးဦးစားပေးခဲ့မယ်ဆိုရင်..." -Kim Taehyung ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိတော့တဲ့နောင်တတရားတွေကနေ ကိုယ်တို့တွေကင်းလွတ်ခဲ့ကြမယ်ထင်တယ...