(( 19 ))

5.2K 567 23
                                    

Unicode

Trainingတွေရော ပြိုင်ပွဲတွေရောနဲ့လုံးချာလည်ပြီးနောက်တွင်တော့ အနားယူရန်ခွင့်တစ်ပတ်ရသည်မလို့Taehyungမှာ အိမ်မှာသောင်တင်နေတော့သည်။

ကိုကိုကတော့ကုမ္ပဏီကမသွားလို့မဖြစ်သည်မလို့သွားရပေမဲ့ သူတစ်ယောက်တည်းဖြစ်နေမှာစိုးလို့အတတ်နိုင်ဆုံးနေ့တိုင်းစောစောတော့ပြန်လာကာသူ့နဲ့အချိန်ကုန်ဆုံးပေးတတ်သည်။

လက်ထပ်ပြီးကတည်းက Taehyungနဲ့ကိုကိုကကိုကို့မိဘတွေလက်ဖွဲ့ပေးထားသည့်အိမ်လေးသို့ပြောင်းနေကြသည်မလို့ ဒီနေ့လည်းသူတို့အိမ်သို့Jiminနှင့်Yeonjunကအလည်ရောက်နေကြသည်။

ဧည့်ခန်းထဲတွင်စားနပ်ရိက္ခာအစုံအလင်ဖြင့်သုံးယောက်သားအခုလိုအချိန်မဖြုန်းရသည်မှာနည်းနည်းပင်ကြာနေပြီလေ။ Taehyungတို့လက်ထပ်ပြီးကတည်းကဆိုပါတော့​။

လက်ထပ်ပွဲပြီးဟန်းနီးမွန်းကပြန်ရောက်ရောက်ချင်း ပြိုင်ပွဲအတွက်ပြင်ဆင်ရတွေ အဲ့လတွေကတည်းကပြိုင်ပွဲတွေဆက်နေတော့trainingတွေနဲ့ ဆက်တိုက်အလုပ်ရှုပ်နေခဲ့တာ သူရောYeonjunရောအခုမှပဲသေချာပြန်နားရသည်။

"Jiminမင်းဒီနေ့ကျောင်းမသွားဘူးလား??"

သူမေးလိုက်တော့ စားနေတဲ့ပီဇာကိုအဆုံးထိပလုတ်ပလောင်းသွတ်သွင်းလိုက်ရင်း ခေါင်းခါပြသည်။ တနင့်တပိုးနှင့်ဝါးပြီးတော့တော့မှ

"အရေးကြီးတဲ့အချိန်တွေသိပ်မရှိလို့ ဒီနေ့ပျက်လိုက်တာလေ ဟဲဟဲ"

"Yoongi hyungနဲ့ရောအဆက်အသွယ်ရရဲ့လား??"

"အင်း ဟိုတလောကပြန်သွားကတည်းကဖုန်းနဲ့တော့အဆက်အသွယ်ရတာပေါ့"

"မင်းတို့ဘယ်လိုဆက်လုပ်ကြမှာလဲ?? ဒီတိုင်းပဲဆက်သွားလို့မဖြစ်ဘူးမဟုတ်ဘူးလား?"

သူမေးလိုက်တော့ Jiminကကိုလာကိုတဂွပ်ဂွပ်နဲ့မော့သောက်လိုက်ရင်း

"ငါသိပါတယ်။ ဒါပေမဲ့ငါ့Ommaအကြောင်းငါသိတယ် သေရင်တောင်Hyungနဲ့သဘောတူမှာမဟုတ်ဘူး။ လောလောဆယ်တော့ကျောင်းပြီးအောင်တက်ပြီး ငါကိုယ်တိုင်အခြေကျအောင်အရင်လုပ်မလားလို့ အဲ့အချိန်ကျရင်အဖြေကတခုခုပြောင်းသွားလောက်တယ်လေ"

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now