(( 25 ))

6.5K 627 92
                                    

Unicode

"Soriက လူရွေးပွဲမဝင်ပြိုင်ဖြစ်တော့ဘူးမလို့မင်းကိုထည့်ပေးလိုက်တာလေ မင်းကကျေးဇူးတောင်တင်ရအုံးမယ်မဟုတ်ဘူးလား?"

နည်းပြကစိတ်ရှုပ်သလို သူ့အားပြောလာသည်ကိုကြားပြီးTaehyungမှာ အံ့ဩခြင်းတွေကြောင့်မျက်လုံးလေးတွေပါဝိုင်းကုန်သည်။

Song Soriကအိုလံပစ်ကိုလက်လျှော့မယ်?? မဖြစ်နိုင်တာကြီးကို.... ဘာလို့ပါလိမ့်?? သူ့မှာလည်းထိုနေ့ကတည်းက သူ့ကိုယ်တိုင်Soloအစားသူတို့ငန်းဖြူအသင်းကDuetထွက်ဖို့ပဲရွေးချယ်ပေးထားခဲ့သည်ကို အခုကဘယ်လိုတောင်အပြောင်းအလဲတွေဖြစ်ကုန်ရပြန်သနည်း။

"အဲ့တာနဲ့ပဲ ကျွန်တော့်နာမည်ထည့်ပစ်လိုက်လို့ဘယ်လိုဖြစ်မလဲဗျ! တခြားသူ.."

"မရူးစမ်းနဲ့Kim Taehyung ငါတို့ကလပ်မှာမင်းနဲ့Soriကိုထားပြီး ငါတို့ကတခြားသူကိုရွေးရမှာလား? အထက်ကရောမင်းတို့နှစ်ယောက်ထဲကမဟုတ်ပဲ တခြားသူသာဆိုလက်ခံမယ်ထင်လို့လား?"

Taehyungမှာ တနေ့နဲ့တနေ့ဦးနှောက်တွေပွင့်ထွက်တော့မလိုရူးချင်လာတာပဲသိသည်။ လက်လျှော့ကာမှအခွင့်အရေးကမျက်စိရှေ့သို့တည်းတည့်ကိုဆိုက်မြိုက်စွာရောက်လာပြန်သည်။

သူစိတ်တွေဝေခွဲမရဖြစ်လာပြန်သည်။

"ပြန်ပြီးသေချာtrainingပြန်ဆင်းဖို့လုပ်ထားTaehyung ခွင့်ရက်တွေများနေပြီ။ ငါအခုအရေးကြီးသွားစရာရှိလို့ လက်ထောက်parkကိုငါပြောထားခဲ့မယ် မင်းသေချာပြင်ဆင်ထားတော့"

သူ့အားပြောပြီးသည်နှင့် ခပ်သုတ်သုတ်ထွက်သွားသည့်နည်းပြကအတော်ကိုအလျင်လိုနေဟန်။ သူ့မှာဘာဖြေရှင်းချက်မှတောင် ရေရေရာရာမရလိုက်။

တကယ်ကိုသူတို့လုပ်ချင်တာလုပ်ကြမှာဆိုလည်း ဘာလို့သူ့ကိုမေးနေသေးလဲ? Choi Yeonjunတို့ကိုလည်းစိတ်ဆိုးပါသည်။ ဒါပေမဲ့လည်း သူအမှားလည်းမကင်းဘူးမဟုတ်ပါလား?

အခုတော့သူ့မှာဘယ်လိုလုပ်ရမလဲကိုမသိတော့။ အရမ်းတွေစိတ်အားထက်သန်နေတဲ့အချိန်မှာ ပြိုင်ပွဲကိုလက်လျှော့လိုက်ရသည်။ လက်လျှော့လိုက်ခါမှ မပြိုင်မဖြစ်အနေအထားကထပ်ရောက်လာပြန်သည်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now