(( 29 ))

7.5K 693 98
                                    

Unicode

'ကျွီ'

Jungkookအခန်းတံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က အမှောင်ကျနေသည့်အခန်းငယ်အတွင်းကုတင်ခြေရင်းတွင်ဒူးလေးကိုပိုက်ကာငုပ်တုပ်လေးထိုင်နေသည့်Tae။

ဒူးပေါ်ခေါင်းမှောက်ထားသည်မလို့ အိပ်နေသည်လားငိုနေသည်လား ဒီတိုင်းပဲထိုင်နေသည်လားသူမသိရ။ သူလေပူတချက်ရှုထုတ်လိုက်မိသည်။

"အဟမ်း ....Taehyung..."

သူခေါ်လိုက်သည်နှင့်တပြိုင်နက်ဆတ်ခနဲ့ခေါင်းလေးထောင်ကာကြည့်လာသူရဲ့ မျက်ဝန်းတွေမှာမျက်ရည်တွေကအပြည့်။

Yeonjunပြောသွားခဲ့သလိုပင် ဆေးရုံကဆင်းကတည်းကတစ်နေကုန်အခန်းထဲကနေတောင်မထွက်တော့ပဲနေနေသည့်မလို့ Taehyungမှာစိတ်ကျရောဂါအသေးစားခံစားနေသည်တဲ့။

ဒီ့ထက်လွှတ်ထားလို့ဆိုးဝါးလာလျှင် စိတ်အခြေအနေပါထိခိုက်သွားနိုင်သည့်အတွက်Namjoon hyungကစိတ်ရောဂါအထူးကုတွေနဲ့တောင်ချိတ်ဆက်ထားပြီးပြီဟုသိရသည်။

"ကိုကို!"

သူ့ကိုလည်းမြင်ရောထိုင်ရာမှအပြေးလေးထလာကာ သူ့ရင်ခွင်ထဲအင့်ခနဲနေအောင်ပြေးဖက်လာသည့်သူ့သက်ဆိုင်သူမဟုတ်တော့သည့်သူသိပ်ချစ်ခဲ့ရသည့်ဘေဘီ။

သူလည်းအသာပြန်ပွေ့ဖက်ပေးလိုက်ရင်း ကျောလေးကိုအသာပုတ်ပေးလိုက်သည်။

"ကိုကို ဘေဘီ့ဆီလာတာလား?? ဘေဘီတို့ကွာရှင်းထားတာမဟုတ်ဘူးမလား?? ဘေဘီနဲ့တူတူပြန်နေမှာမလားဟင်? ဟင့် ....တောင်းပန်ပါတယ်"

သူ့အားတင်းကြပ်စွာဖက်ကာရင်ခွင်ထဲကနေမထွက်တော့သည့်ဘေဘီကိုသူလည်းအကြာကြီးပြန်ပြီးပွေ့ဖက်ထားမိခဲ့ပါသည်။

"ကိုယ်ရှိနေပေးမယ်...ကိုယ်ရှိနေပြီမလို့ဘာမှစိတ်ထဲမထားနဲ့တော့ဟုတ်ပြီလား? အတိတ်ကိုမမှတ်မိလဲ ဘာမှအတင်းမတွေးနဲ့ အခုလက်ရှိမှာပဲစိတ်ကိုပျော်အောင်နေရမယ်လေ "

"အွန်း ကိုကိုရှိနေရင်ရပြီ။ ဘေဘီ့ကိုထားမသွားပါနဲ့။ ကိုကို့ကိုချစ်တယ်လေနော် ကိုကို့အပေါ်ဆိုးလဲမဆိုးတော့ဘူးလေနော်"

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now