(( 16 ))

5.3K 581 31
                                    

Unicode

"Yeonjunနဲ့Hae Rinနောက်တစ်ပတ်ပြိုင်ပွဲအတွက် ဒီတလောအာရုံစိုက်ထားအုံး ဒီနေ့လေ့ကျင့်တာအဆင်ပြေတယ် မနက်ဖြန်rehearsalမှာလုံးဝအဆင်ပြေနေမှဖြစ်မယ်နော်"

"Naeနည်းပြ"

"ပြီးတော့Taehyung ဒီနေ့လှည့်တဲ့အကွက်လေးသေချာပြန်လေ့ကျင့်ထားအုံးနော် မင်းတို့လေ့ကျင့်နေတဲ့အချိန်မင်းတို့Coachတွေကလည်းမင်းတို့ကိုစောင့်ကြည့်ပေးနေမှာ"

"Nae"

နည်းပြHoseokထွက်သွားတော့မှ သူတို့သုံးယောက်လုံး နားနေခန်းကြမ်းပြင်ပေါ်သို့ပက်လက်လှန်ကာလှဲချပစ်လိုက်မိကြသည်။

ဒီတခေါက်လာမဲ့ပြိုင်ပွဲအတွက် သူတို့ငန်းဖြူအဖွဲ့ကကိုယ်စားပြုရွေးခံထားရတာကြောင့် Duetပွဲအတွက်Yeonjunနဲ့Hae Rinရယ်။ Soloအတွက်သူရယ်ရွေးခံထားရသည်မလို့ ပြိုင်ပွဲအတွက်သုံးယောက်သားအသည်းအသန်trainingဆင်းနေရသည်။

ထိုစဉ်သူတို့ရှိရာနားနေခန်းသို့ဝင်လာသည့် စီနီယာBogumတစ်နည်းအားဖြင့်သူတို့coach။

"ကဲ ကလေးတွေ နေ့လည်စာစားကြမယ်"

"ရေး စီနီယာအကောင်းဆုံးပဲ"

လက်ထဲမှာလည်းအစားအသောက်အထုတ်တွေဝယ်လာသည်မလို့သူတို့သုံးယောက်လုံး ပျော်ရွှင်စွာစီနီယာ့လက်ထဲကအထုတ်တွေထဆွဲယူကြသည်။

စားနေကြရင်းနဲ့လည်း စီနီယာကသူ့အိုလံပစ်ပြိုင်ပွဲအတွေ့အကြုံတွေပြန်ပြောပြသည်မလို့ သူတို့သုံးယောက်လုံးစိတ်ဝင်တစားနားထောင်နေကြမိသည်။

"မိုက်တယ် စီနီယာ့ကိုအားကျလိုက်တာ"

"အားကျရင်နောက်လာမဲ့နှစ်အိုလံပစ်တွက်ဝင်ပြိုင်နိုင်အောင် ကြိုးစားကြ"

"Nae"

ထို့နောက်စားပြီးသောက်ပြီးကြတော့ Yeonjunတို့ကညနေပိုင်းtrainingရှိသေးတာကြောင့်အိမ်မပြန်ရသေး။ သူကတော့Distanceကျောင်းသားမလို့ ကျူရှင်အပ်စရာရှိတာကြောင့် စောစောပြန်ရမည်။

"ပြန်တော့မှာလား"

ပြန်ခါနီးပြင်ဆင်နေတုန်း သူ့အနားယောင်လည်လည်နဲ့ရောက်လာပြန်သည့်Choi Yeonjun။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now