(( 36 )) - Final

17.1K 982 115
                                    

Unicode

နေထွက်ချိန်ကစလို့နေဝင်ချိန်ထိကိုကိုနဲ့တူတူရှိနေရတဲ့ အချိန်စက္ကန့်တိုင်းဟာTaehyungအတွက်ပျော်ရွှင်စရာအကောင်းဆုံးအခိုက်အတန့်တွေဖြစ်သည်။

ပင်လယ်ကမ်းစပ်တွင်ပြေးလွှားကာဆော့နေသည့်TaehyungကိုJungkookကလည်းနောက်ကနေပျော်ရွှင်စွာဖြင့်လိုက်ဖမ်းသည်။

သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်အသက်ထက်ပိုပြီးချစ်ခဲ့ကြသည်။ ဝေးလည်းဝေးကွာခဲ့ဖူးကြသည်။ သို့သော်မဝေးကွာတဲ့အချိန်အတွင်းမှာပဲတစ်ယောက်ကိုတစ်ယောက်နားလည်နိုင်ခဲ့ကြသည်။ သိပ်ချစ်ကြတဲ့သူတို့နှစ်ဦးရင့်ကျက်တဲ့အချစ်တွေနဲ့နားလည်မှုရှိတဲ့အိမ်ထောင်ရေးလေးပြန်လည်တည်ဆောက်နိုင်ခဲ့သည်။

ဂျယ်ဂျူမှာလည်ပတ်ခဲ့သည့်တစ်ပတ်အတွင်း Taehyungနဲ့ကိုကိုမိုးလင်းကနေမိုးချုပ်ထိ အချိန်တွေတူတူကုန်ဆုံးသည်။ အကြင်နာအနမ်းတွေအများကြီးပေးကြသည်။ ပင်လယ်ကြီးကိုတိုင်တည်ပြီးအသက်တွေကြီးသွားကြတဲ့အထိမခွဲခွာပဲချစ်သွားကြဖို့ ကတိစကားတွေနဲ့သစ္စာဆိုခဲ့ကြသည်။ ညတိုင်းကိုကိုရင့်ခွင်ထဲတွင်အိပ်စက်ပြီး ကိုကိုပေးတဲ့အကြင်နာတွေကိုလည်းမြတ်နိုးစွဲမက်စွာခံယူသည်။ ကိုကိုသာရှိနေလျှင်Taehyungဘဝနေ့ရက်တွေဟာ ပျော်ရွှင်စရာအကောင်းဆုံးအချိန်တွေဖြစ်သည်။

-
-
-
-
-
-
Ommaတို့ခြံရှေ့ကိုကားလဲရပ်လိုက်ရော သူ့လက်မောင်းလေးတွေကိုလာဖက်တွယ်လာသည့်ဘေဘီဟာသူ့မိဘတွေနဲ့ပထမဆုံးအကြိမ်မိတ်ဆက်ပေးခဲ့သည့်နေ့ကလိုကြောက်ရွံ့နေသည်။

ခရီးကပြန်ရောက်ပြီကတည်းက Namjoon hyungဆီသွားရောက်ကာနှုတ်ဆက်ပြီးပေမဲ့ Ommaတို့ဆီတော့မရောက်ဖြစ်သေး။ သူတို့နှစ်ယောက်အကြောင်းကြားထားလောက်ပြီဖြစ်ပေမဲ့ Ommaတို့ကိုတရားဝင်ပြန်ပြီးအသိတော့ပေးရမည်ဖြစ်တာကြောင့်တဖန်ရောက်လာခဲ့ကြခြင်းဖြစ်သည်။

ဘေဘီ့လက်လေးကိုတင်းတင်းဆုပ်ကိုင်ပြီး အိမ်ထဲဝင်သွားတော့Appaကဧည့်ခန်းထဲကနေထလာပြီးသူတို့အားဝမ်းသာစွာကြိုဆိုရှာသည်။

"Ommaရော ..."

သူမေးလိုက်တော့Appaကခပ်ဖွဖွလေးပြုံးပြရင်း

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now