(( 13 ))

5.4K 616 28
                                    

Unicode

ကားပေါ်ကဆင်းတော့ သူ့လက်တွေကိုကိုကိုကအသာဆုပ်ကိုင်ပေးလာသည်။

"ကြောက်နေတာလားဘေဘီ?? မကြောက်ပါနဲ့ ကိုယ်ပြောထားပြီးသားပါဆို စိတ်အေးအေးထားနော်Ommaတို့ကလည်းBabyကိုချစ်မှာသေချာတယ်"

ကိုကိုသူစိတ်ပြေလျော့အောင်နှစ်သိမ့်နေပေမဲ့ Taehyungမှာရင်တလှပ်လှပ်နှင့်အရမ်းပင်စိတ်လှုပ်ရှားရပါသည်။

ဒီနေ့ကကိုကို့မွေးနေ့။ ကိုကိုကကိုကို့မွေးနေ့မှာသူ့ကိုမိဘတွေနဲ့တရားဝင်မိတ်ဆက်မည်ဖြစ်တာကြောင့် သူအလွန်ပင်စိတ်လှုပ်ရှားရပါသည်။ ကိုကို့မိဘတွေကသူ့ကိုသဘောမကျရင် ကိုကိုနဲ့သဘောမတူရင်ဆိုသည့်အတွေးတွေကကြီးစိုးနေသည်။

"ဟော သားတို့ရောက်နေပြီလား? အထဲဝင်ကြလေအော် အိမ်ရှေ့ကြီးမှာ"

ထိုစဉ်ကိုကို့အမေလို့ယူဆရသည် အန်တီလှလှတစ်ယောက်ထွက်လာပြီးသူတို့ကိုကြိုသည်။

"Nae OmmaဒီမှာTaeကကြောက်နေလို့ခဏစိတ်ငြိမ်အောင်စောင့်ပေးနေတာ"

ကိုကိုကပြောတော့ ကိုကိုအမေကသွားတက်လှလှလေးတွေပေါ်သည်အထိသဘောကျစွာရယ်လိုက်ရင်း သူ့လက်ကလေးတွေကိုကိုကို့ဆီကအသာဆွဲခေါ်ကာကိုင်လာသည်။

"Aigoo Jungkookပြောတုန်းကဒီလောက်ချစ်စရာကောင်းမယ်မထင်ထားဘူး။ ချစ်စရာလေးကွယ် တကယ်အချောလေးပဲOmmaသားမက်လေးက"

ကိုကို့အမေကဖော်ရွေနွေးထွေးစွာပြောတော့ Taehyungပါးပြင်လေးတွေရဲရဲလေးဖြစ်သွားရသလို ရင်ထဲမှာနွေးထွေးသွားရသည်။

ဤသို့ဖြင့်ကိုကို့မိဘတွေနဲ့တွေ့ဆုံမှာ Taehyungထင်သလိုထိတ်လန့်စရာစိတ်လှုပ်ရှားစရာကောင်းမနေသည့်အပြင် သူမထင်ထားသည်ထက်ကို ကိုကိုတို့မိသားစုလေးဟာနွေးထွေးပြီးချစ်စရာကောင်းကြသည်။ကိုကိုဖေဖေကလည်း သူ့ကိုသဘောကျပြီးချစ်သလို ကိုကို့အမေဆိုသူ့ကိုTaeလေးဆိုပြီး ကလေးလေးတစ်ယောက်လိုပင်အချစ်ခံရသည်။

"Taeလေး အများကြီးထည့်စားနော်။ Taeလေးကိုကိုကို သားကြိုက်တွေမေးပြီးOmmaကိုယ်တိုင်ချက်ထားတာ"

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now