(( 20 ))

5.9K 576 40
                                    

Unicode

အဝတ်အစားတွေထုတ်လိုက် ထည့်လိုက်ဖြင့်အလုပ်ရှုပ်နေသည့်Taehyungနှင့်အတူ Jungkookလည်းအငြိမ်မနေရ။ လိုအပ်သည့်ပစ္စည်းပစ္စယတွေအကုန်စီစစ်ပေးကာ ထည့်ကူပေးနေရသည်။

ဒီနေ့လည်ပဲTaehyungကပြိုင်ပွဲရှိတာကြောင့် ခရီးထွက်ရမည်ဖြစ်သည်။ ထို့ကြောင့်နှစ်ယောက်သားပြင်ဆင်စရာရှိတာ့ပြဆင်ပြီး ထည့်နေကြခြင်းဖြစ်သည်။

"ဘေဘီဟိုရောက်ရင်ရေအကြာကြီးမချိုးနဲ့နော် ပြိုင်ပွဲလည်းရှိသေးတော့မဖျားအောင်ဂရုစိုက်နော်"

"Nae .."

"ပြီးတော့... ကိုယ့်ဆီကိုအားတဲ့အချိန်စာပို့တာဖြစ်ဖြစ်ဖုန်းဆက်တာဖြစ်ဖြစ်လုပ်နော်ဒါမှကိုယ်စိတ်မပူရမှာ..."

"ကိုကိုကလည်း လိုက်ခဲ့ပါဆိုတော့ကျမလိုက်ပဲ ဟွန့်"

သူပြောတော့ စိတ်ကောက်သည့်ပုံစံလေးဖြင့်ကုတင်ပေါ်ထိုင်ချလိုက်သည့်ဘေဘီ့ကိုသူ့မှာထပ်ချော့ရပေအုံးမည်။ ချော့နေတာအခုမှမဟုတ် အရင်တပတ်ကတည်းကသူ့ပြိုင်ပွဲကိုမလိုက်လို့ဂျီကျကာတပတ်လုံးစိတ်ကောက်လိုက် ချော့လိုက်နဲ့ဒီနေ့ထိရောက်လာခြင်းပင်။

Jungkookလည်းမလိုက်ချင်ပဲတော့နေမလား။ ဘေဘီ့အနားမှာတူတူရှိခွင့်ရလေကြိုက်လေမလို့ ဘေဘီနဲ့တူတူသွားသမျှပြိုင်ပွဲတွေကိုလိုက်ချင်ပေမဲ့ ဒီနေ့ကဘယ်လိုမှအဆင်ပြေ။

ကုမ္ပဏီကအရေးကြီးproject အတွက်အစည်းအဝေးရှိသည့်အပြင် နယ်ဖက်စက်ရုံကိုလည်းသွားစစ်ရအုံးမည်မလို့ ကုမ္ပဏီကလည်းဘယ်လိုမှလွှတ်ထားခဲ့လို့မရသည့်အခြေအနေ။

ဒါကိုသူ့ဘေဘီအဆိုးလေးဟာ သူမပါလို့အခုထိဂျီတိုက်ပြီးခေါ်နေတုန်း။

"ဘေဘီရာ ကိုယ်မနက်ဖြန်အလုပ်ပြီးခဲ့ရင် မနက်ချက်ချင်းလိုက်ခဲ့မယ်လေ ဟုတ်ပြီလား? ဟင် ဒီနေ့ကကိုယ်ကကုမ္ပဏီကအရေးကြီးနေတာလေဘေဘီရဲ့"

သူပြောတော့ ဘေဘီကနှုတ်ခမ်းလေးတွေစူထားဆဲ။ စိတ်ကောက်မပြေသေးဘူးဆိုသည့်သဘော။ သူ့မှာလည်းဘေဘီ့ကိုစိတ်ပြေအောင်ဘယ်လိုကတိမျိုးပေးပြီးချော့ရမလဲတောင်မသိတော့။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now