(( 11 ))

5.8K 625 28
                                    

Unicode

ပိတ်ရက်မလို့trainingဆင်းတာနားခွင့်ရသည့်နေ့လေးမှာ မနက်အစောရေမိုးချိုးပြီးTaehyung တစ်ယောက်ပြင်ဆင်ဝတ်စားနေလေသည်။

တခြားကြောင့်တော့မဟုတ် ဒီနေ့Jiminနဲ့Yoongi hyungရဲ့2 year's anniversaryဖြစ်တာကြောင့် double dateလုပ်ကြဖို့ချိန်းထားကြသည်မလို့ ပျော်ရွှင်မြူးတူးနေကာတက်ကြွတဲ့ကြက်ဖလေးဖြစ်နေသည်။

ထိုစဉ်အခန်းထဲဝင်လာကာ သူ့အိပ်ယာပေါ်ပစ်လှဲပစ်လိုက်တဲ့Choi Yeonjun။ တစ်ရပ်ကွက်တည်းမလို့Yeonjunတို့အိမ်နဲ့ကသိပ်မဝေးသည့်အပြင် ငယ်ငယ်ကနည်းအမြဲသွားလာဝင်ထွက်နေကြမလို့Taehyungအတွက်မထူးဆန်းတော့။

"အမယ် Kim Taehyungထူးထူးခြားခြားဝီရိယတွေကောင်းနေပါ့လား ခါတိုင်းငါလာမှအမြဲနှိုးရတဲ့လူက..."

Yeonjunကစုပ်လုံးချိုချဉ်စုပ်ရင်း ကုတင်ပေါ်လှဲနေရာမှထကာသူ့အားမဲ့ရွဲကာပြောရင်းစသည်။ သူလဲမျက်စောင်းတစ်ခုသာလှမ်းပစ်ရင်း အပေါ်ထပ်ကုတ်အင်္ကျီထပ်ဝတ်လိုက်သည်။

"မင်းကကျတော့ရော ထူးထူးဆန်းဆန်းမချိန်းထားပဲအစောကြီးငါ့အိမ်လာပြီး ငါ့ကိုလာခွပ်နေ"

သူလည်းပြန်စလိုက်တော့ Yeonjunကမျက်မှောင်ကြုံ့သွားတော့သည်။ သူတောင် ဘာများစတာလွန်သွားလဲလို့အသည်းအသန်ပြန်စဉ်းစားရသေးသည်။ ခါတိုင်းဒီထက်တောင်​ပြောဆိုနေတာကျကို။ ထို့နောက်သူ့အားမျက်နှာသေကြီးဖြင့်စိုက်ကြည့်လာရင်း

"မင်းအခုဘယ်သွားမလို့လဲ?? မဟုတ်မှလွဲငါနဲ့ချိန်းထားတာမေ့နေတာတော့မဟုတ်ဘူးမလား?"

Yeonjunပြောလိုက်တော့မှ ဒိန်းခနဲဖြစ်သွားသည့်အသိနှင့်အတူYeonjunရဲ့စုတ်တချက်သပ်သံကိုပါကြားလိုက်ရသည်။ ဟုတ်သားပဲ သူမေ့နေခဲ့တာ။ Yeonjunကသူလိုက်ကောင်မလေးအတွက် လက်ဆောင်ပေးဖို့နှစ်ယောက်သားရှော့ပင်တူတူထွက်ပြီးဝယ်ရင်းဒီတပတ်နားရက်မှာhang outလုပ်ဖို့ချိန်းထားခဲ့တာကို သူလုံးဝကိုမေ့နေခဲ့သည်။

အရင်တပတ်ကတည်းကပြောထားသည့်အပြင် ဒီတပတ်လုံးJiminနဲ့ကိုကိုကဒီနေ့အတွက်တော်လျှောက်ပြောနေကြတော့ သူမေ့သွားခဲ့ခြင်းပင်။ စိတ်ညစ်လိုက်တာ သူ့သူငယ်ချင်းကြီးက စိတ်ဆိုးတော့မှာ။ သူကလည်းသူပင်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now