(( 10 ))

6.6K 644 36
                                    

Unicode

"ဒီတစ်ခေါက်rehearsalမှာ Taehyungတို့ငန်းဖြူအဖွဲ့ကအမှတ်ပိုများတယ်နော် ငန်းနက်အဖွဲ့လည်းတော်ကြပါတယ် ဆက်ကြိုးစားကြမယ်နော်

"ရေး ဟေး ဟေး"

နည်းပြရဲ့အမှတ်စာရင်းအော်သံအဆုံး သူတို့ငန်းဖြူအဖွဲ့ဝင်တွေရဲအော်သံတွေက ပျော်ရွှင်စွာထွက်ပေါ်လာတော့သည်။

တစ်ဖက်Teamကလူတွေကတော့ နည်းပြရှေ့မလိုမျက်နှာတွေကိုအတတ်နိုက်ဆုံးမပျက်အောင်ပြုံးထားကြသည်ကိုလည်းTaehyungတို့သိပါသည်။

Song Soriဆို solo roundမှာသူ့ထက်အမှတ်နည်းတာမလို့မျက်နှာကပျက်နေတာများဟန်တောင်မဆောင်နိုင်။ လူကိုကမ္ဘာ့ရန်သူလိုပဲစိုက်ကြည့်နေတာ။

အင်းလေ။ အစကတည်းကသူနဲ့ကိုယ်နဲ့ဟာ ကလပ်ရဲ့main solo skaterနှစ်ယောက်ဆိုတော့မတည့်တာလဲမဆန်းပေ။ ရန်သူဆိုတာထက် ပြိုင်ဖက်လို့ပဲသုံးရမလား။

အမြဲတမ်းမိသားစုအရှိန်နဲ့ trainingချိန်တွေကျလာတာမမှန်ပဲ အခုမှအမှတ်ကောင်းလာယူချင်လို့ရမလား။ Song Soriရဲ့အဖေကလည်းအင်အားကြီးလုပ်ငန်းစုပိုင်ရှင်ဖြစ်သည်။ သူဌေးသမီးပီပီမာန်လေးကမောက်ချင်။ Taehyungနဲ့မိသားစုနောက်ခံကောင်းကြတာချင်းတူပေမဲ့ စိတ်ဓာတ်တော့မတူဘူး။

သို့သော်Soriကလည်းခေသူတော့မဟုတ်။ သူနဲ့အရမ်းပြိုင်သည်။ သူ့လိုပင်ပြိုင်ဆိုင်စိတ်ပြင်းထန်သည်။ Day trainingတွေအကြောင်းအမျိုးမျိုးနဲ့လစ်တတ်ပေမဲ့ ပြိုင်ပွဲနားနီးရင်ညဖက်တွေထိမအိပ်မစားပဲအသေလေ့ကျင့်တတ်သည်။

ဒါပေမဲ့အခုတော့ပျော်ပျော်ကြီးကြည့်ထားပါSong  Sori။ ဒီတစ်ခါလဲသူနိုင်တယ်။ အမြဲတမ်းသူပဲနိုင်မှာ။ အိုလံပစ်ထိသူပဲmain pickစေရမည်။

Locker roomထဲရောက်တော့ Soriတစ်ယောက်လက်ထဲကသောက်လက်စရေဘူးကိုနံရံကိုပစ်ပေါက်လိုက်ရင်း တောက်တချက်ကျယ်လောင်စွာခေါက်မိသည်။

နည်းပြရှေ့မှာတုန်းက Taehyungရဲ့မော်ချီနေတဲ့မျက်နှာလှလှကိုမျက်လုံးထဲပြန်မြင်လာတော့ မျက်နှာတစ်ခုလုံးကိုဆွဲကုပ်ကာဖြတ်စီးပစ်ချင်စိတ်တို့ကတဖွားဖွား။ သူ့ကိုသပ်သပ်နှိမ်ပြီးကြည့်သွားတာ ကောင်စုတ်က။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now