(( 22 ))

5.5K 585 44
                                    

Unicode

Jiminနေ့လည်အတန်းဆင်းပြီး သူငယ်ချင်းတွေကိုနှုတ်ဆက်ကာကျောင်းထဲကထွက်လာလိုက်သည်။ သူ့မှာလည်းဟိုနေ့ကတည်းက Taehyungကိုယ်ဝန်ကိစ္စနဲ့လူကစိတ်နဲ့ကိုယ်နဲ့မကပ်ချင်။

ကိစ္စကြီးကိုဘယ်သူမှမသိအောင်ဖုံးကွယ်ပေးထားရတာ အပြစ်ရှိသလိုခံစားနေရသည်။ ထိုနေ့ကTaehyungက ဘာမှထပ်မပြောလာပဲလျို့ဝှက်ထားပေးဖို့တစ်ခွန်းတည်းကိုပဲတောက်လျှောက်တောင်းဆိုနေတာကြောင့် သူ့မှာလျို့ဝှက်ထားပေးရုံသာတတ်နိုင်သည်။ Taehyungမှာတကယ်ပဲဘာပြဿနာတွေရှိလို့ ဘယ်လိုအတွေးတွေတွေးနေလဲသူလည်းမသိတော့။

သူ့ကိစ္စမဟုတ်ပေမဲ့လည်း တစ်ခုခုဖြစ်လျှင်အရာအားလုံးသိနေသည့်သူကဖုံးကွယ်ပေးထားသည်မလို့ အပြစ်မကင်းဖြစ်မှာကြောက်သည်လေ။ ထိုနေ့ကတည်းကထပ်မဆက်သွယ်လာသည့်Taehyung ကြောင့် သူ့မှာတစ်ဖက်ကလည်းစိတ်ပူရပြန်သည်။

"Yah Park Jimin"

သူ့နာမည်အော်သံကြားလို့လှမ်းကြည့်လိုက်တော့ ကျောင်းပေါက်ဝတွင်ကားရပ်ကာစောင့်နေသည့်Jungkookကြောင့် သူ့မှာမလုံမလဲ။ သူ့အားလှမ်းခေါ်နေသည်မလို့ခပ်မြန်မြန်ပင်လျှောက်သွားလိုက်ကာ

"ဘာကိစ္စလဲကျောင်းကို??"

"ဒီနားမှာအလုပ်ကိစ္စရှိလို့လာတာ ကျောင်းကိုခဏလာရင်းမင်းဆီလမ်းကြုံလို့ဝင်လာတာ နေ့လည်စာစားပြီးပြီလား မစားရသေးရင်သွားစားရအောင်ငါလဲမစားရသေးဘူး"

ဒီလိုကျောင်းနားကစားသောက်ဆိုင်တစ်ခုမှာပဲ Jungkookနဲ့နေ့လည်စာစားဖို့ရောက်လာတော့သည်။ Jungkookအခြေအနေကိုအကဲခတ်ကြည့်ရသလောက် Taehyungကမပြောရသေးဘူးထင်သည်။

"စားစမ်းပါPark Jiminရ ငါကျွေးပါမယ်ဆိုနေ ထူးထူးခြားခြားအစားပုပ်ကသိပ်မစားတော့ငါထီထိုးရတော့မယ်ထင်တယ်"

Jungkookရဲ့ရွှတ်နောက်နောက်အပြောကိုအရင်လိုပြန်မစွာဖြစ်။ ဒီနေ့မှအလကားကုန်းဆင်းပြီးစားရတာကိုလည်းမပျော်နိုင်ဖြစ်နေသည်။ ဘာကြောင့်မှန်းမသိ Jimin Taehyungနဲ့ Jungkookကြားကိုယ်ဝန်ကိစ္စနဲ့ပက်သက်ပြီးတစ်ခုခုဖြစ်တော့မှာကိုခံစားနေမိသလိုလိုပင်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now