(( 32 ))

8.6K 734 66
                                    

Unicode

ညအိပ်နေတုန်းငိုသံယဲ့ယဲ့လေးကြားနေရသည်မလို့ အိပ်တဝက်တနိုးတဝက်နှင့်Jungkookမှာအိမ်မက်မက်နေသည်ဟုထင်နေမိသည်။

ညသန်းခေါင်ကျော်ချိန်လောက်ပဲရှိလောက်အုံးမည်မလို့ မှောင်မိုက်နေသည့်အခန်းကြောင့်မျက်စိတို့ကလည်းမပွင့်ချင်။

ပြန်အိပ်မည်ပြင်လိုက်တုန်းတဖန်ထပ်ကြားလိုက်ရသည့် ရှိုက်သံလေးနှင့်အတူတဖက်သို့လှည့်အိပ်နေမိသည့်သူ့ကျောပြင်သို့ဖက်တွယ်ထားသည့်လက်လေးတွေတင်းကြပ်သွားသည်မလို့အိမ်မက်မဟုတ်မှန်းသူသိသေချာလိုက်ရတော့သည်။

ထိုရှိုက်သံလေးဟာဘယ်ကလာလဲဆိုတာမေးစရာမလိုတော့။ အမြန်ပင်ထကာဘေးနားကညအိပ်မီးခလုတ်လေးကိုလှမ်းဖွင့်လိုက်ရင်းဘေဘီ့ဖက်သို့လှည့်လိုက်တော့သူ့အင်္ကျီစလေးကိုဆွဲကိုင်ကာကွေးကွေးလေးငိုနေသည့်ဘေဘီ။

"အင့်"

"ဘေဘီ!! ဘာဖြစ်တာလဲ?? ဘာဖြစ်လို့လဲ?? အိမ်မက်ဆိုးမက်လို့လား??"

ငိုနေသည့်ဘေဘီ့ကိုသူဆွဲပွေ့ကာထူလိုက်တော့ သူ့အားမျက်ရည်လည်ရွှဲလေးဖြင့်ကြည့်ကာ

"ဘေဘီအိပ်သွားတဲ့အချိန်ကိုကိုထပ်ပြီးထားသွားမှာစိုးလို့ မအိပ်ရဲဘူး...အင့်..အိမ်မက်ထဲမှာလေ ကိုကိုက...အင့်..."

"ဘေဘီရာ..."

ဘေဘီ့စကားတွေမဆုံးခင်သူဘေဘီ့ကိုဆွဲပွေ့ကာရင်ခွင်အမြန်ပွေ့ပိုက်ထားလိုက်မိသည်။ သူ့ရင်ခွင်ထဲရောက်တော့လည်းသူ့အားကြောင်ပေါက်လေးလိုကုပ်ဖက်ထားရင်း တအင့်အင့်နှင့်ရှိုက်နေဆဲဘေဘီ့ကြောင့်သူလည်းနှလုံးတစ်ခုလုံးအောင့်သက်နာကြင်နေရပါသည်။

"အိမ်မက်ပါဘေဘီရယ် ...အိမ်မက်မက်နေတာပါ။ ကိုယ်ဘယ်မှမသွားပါဘူး ဘေဘီ့ကိုတစ်ယောက်တည်းဘယ်တော့မှမထားသွားဘူးဟုတ်ပြီလား??"

တင်းကြပ်စွာပွေ့ဖက်ထားပေးရင်း ကျောပြင်လေးကိုအသာပုပ်ပေးရင်းချော့လိုက်တော့မှတဖြည်းဖြည်းနှင့်ငြိမ်ကျသွားကာရှိုက်သံလေးတွေတိတ်သွားတော့သည်။ မိနစ်အတော်ကြာငြိမ်သက်သွားတော့မှ အသက်ရှုသံမျှင်းမျှင်းလေးကြားလိုက်ရသည်မလို့ဘေဘီပြန်ပြီးအိပ်ပျော်သွားပြီမှန်းသိလိုက်သည် 

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now