(( 30 ))

8.4K 731 99
                                    

Unicode

"မနက်ဖြန်သွားတော့မှာလား??"

"အင်း Ommniနဲ့တူတူတစ်ခါတည်းလိုက်သွားတော့မလို့လေ"

မနက်စာစားကြရင်းJiminကပြောတော့ Jungkookကခေါင်းတငြိမ့်ငြိမ့်နှင့်သာနားထောင်နေသည်။ သူ့ကိုသိပ်တော့လွှတ်ချင်ပုံမပေါ်။ သို့သော်လဲHyungအမေနဲ့ဆိုတော့ဘာမှတော့မပြော။

"ဂရုစိုက်နော် တစ်ခုခုဆိုငါ့ဆီဖုန်းတန်းဆက်...ဟင်း...တကယ်ပဲငါ့မျက်စိရှေ့မှာပဲနေစမ်းပါJiminရာ"

"ရေရှည်အတွက်အဆင်မပြေတာမင်းလဲသိပါတယ်Jungkook ah။ ပြီးတော့အခုလိုမင်းနဲ့Taehyungပြန်အဆင်ပြေနေတာငါတကယ်ဝမ်းသာတယ်သိလား....မဟုတ်လဲဒီနေ့ညနေပဲမင်းတို့ဟိုအိမ်ကိုတူတူပြန်နေကြမှာမလား??"

"အင်း...."

"မနေ့ကရော?? ငါကမင်းအဲ့မှာပဲအိပ်လိုက်မယ်ထင်နေတာ Taehyungရောမနေ့ကအဲ့မှာပဲအိပ်တာလား?"

"မဟုတ်ဘူး မနေ့ကတော့Namjoon hyungဆီပြန်ပို့ပေးခဲ့တယ်။ ငါမရှိပဲတစ်ယောက်တည်းမနေချင်ဘူးတဲ့"

Jungkookကခပ်ဆွေးဆွေးလေးရေရွတ်လာတော့ Jiminကစိတ်မကောင်းသလိုလေးသူ့အားကြည့်သည်။

"အခုလိုအခြေအနေနဲ့မင်းဘာလို့အခွင့်အရေးကိုအသုံးချကြည့်တာလဲJungkook...မင်းလဲသူ့ကိုချစ်နေသေးတာပဲကို အစကနေပြန်စကြည့်ဖို့မင်းကြိုးစားသင့်တယ်"

သူပြောတော့Jungkookက​ခြောက်ကပ်ကပ်နှင့်ရယ်သည်။ ဘာမှတော့မပြောလာ။ သူလည်းဇွတ်တွေပြောနေရပေမဲ့ Jungkookတွက်ကျတော့လည်းခံစားခဲ့ရတဲ့ကာယကံရှင်ဆိုတော့ ဒီထက်ပိုပြီးတော့တအားလဲမပြောရက်တော့။

"အင်း...."

"ပြီးတော့မင်းအတိတ်ကနေရုန်းထွက်နိုင်အောင်ကြိုးစားသင့်တယ်။ Taehyungလည်းမင်းထက်မပိုရင်တောင်မင်းနဲ့ထပ်တူခံစားရမှာပဲ မင်းတို့နှစ်ယောက်ရဲ့ပြဿနာကဘာလဲသိလား??"

သူပြောလိုက်တော့ Jungkookမျက်လုံးလေးလှန်ကာသူအားကြည့်လာသည်။

"နားလည်မှုနဲ့အတ္တတွေပဲ... မင်းတို့အရမ်းချစ်ခဲ့ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်နားလည်မပေးခဲ့ကြဘူး။ တစ်ယောက်နဲ့တစ်ယောက်ချစ်ခဲ့ကြပေမဲ့ ကိုယ်အတ္တတွေလောက်အချစ်တွေကအရေးမပါခဲ့ဘူး... ဒါတွေကအိမ်ထောင်တစ်ခုမှာတင်မဟုတ်ဘူး relationshipတစ်ခုမှာလည်းအဟန့်အတားတွေပဲJungkook"

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now