(( 26 ))

6.4K 638 104
                                    

Unicode

'ခွပ်'

တံခါးဖွင့်ပေးပေးလိုက်ချင်း လည်ခနဲနေအောင်ထိုးခံလိုက်ရတော့ Jungkookမှာကြမ်းပြင်ပေါ်သို့လဲကျသွားသည်။ ဒေါသနှင့်ထိုးသည်မလို့ အားကမသေးလှ။

ထို့နောက် ထိုမျှနှင့်မရပ်သေးသူ့အပေါ်ကနေထပ်ကာထိုးနှပ်လာသည့်Namjoon hyungကိုသူမတားမိသလို တွန်းလည်းမဖယ်မိ။ အသေကောင်တစ်ယောက်လိုသာငြိမ်ရင်း မျက်နှာတစ်ခုလုံးစုတ်ပြတ်သည်အထိအထိုးခံနေမိသည်။

"မင်းပါးစပ်က အနေတာလား Jeon Jungkook!!! ပြောစမ်းပါ !!! မင်းကဘာကောင်မလို့လဲ!!! မင်းကိုယ်မင်းဘာထင်နေလဲငါတို့Taehyungieကိုကွာရှင်းရအောင်!!!! "

တဖန်Namjoonက Jungkookကိုအင်္ကျီလည်ပင်းကနေဆွဲမထူလိုက်ရင်း

"မင်းကိုငါပြောခဲ့တယ်မလား Taehyungieကိုမျက်ရည်ကျအောင်လုပ်ရင်သတ်ပစ်မယ်လို့ပြောခဲ့တယ်မလား!!! ကတိမတည်တဲ့ကောင်!!"

တဖန်ထပ်ထိုးချလိုက်တော့ Jungkookမှာကြမ်းပြင်လေးပေါ်တွင်ဒူးထောက်လျက်လေးထိုင်ကျသွားသည်။ မျက်နှာတစ်ခုလုံးလည်းသွေးတွေစီးကျရင်း စုတ်ပြတ်နေလေသည်။ သို့သော်သူမျက်ရည်လည်းမကျမိသလို အခုထိလည်းဘာမှလည်းပြန်မတုန့်ပြန်။

"အဟက်"

သူနာနာကြင်ကြင်ရယ်တော့ Namjoon hyungမျက်နှာကဒေါသပိုထွက်သွားသည်။ အင်း ...သူ့အမှားတွေပဲထားပါတော့။ ဘယ်သူ့အမှားရယ်လို့ခေါင်းစဉ်တွေပြန်မတပ်ချင်တော့ဘူး။ ပြန်လည်းမတွေးချင်တော့ဘူး။ သူ့အမှားတွေလို့ပဲ ခေါင်းစဉ်တပ်ပြီးမျဉ်းပြိုင်ဖြစ်နေတဲ့သူတို့အိမ်ထောင်ရေးကိုအဆုံးသတ်လိုက်ကြတာပေါ့။

"မင်းရယ်တယ်?? !! ရယ်နိုင်သေးတယ်ပေါ့!! "

"တောင်းပန်ပါတယ် ကတိမတည်နိုင်ခဲ့လို့"

ထိုတစ်ခွန်းပဲသူ့အတွက်တောင်းပန်ရမည်ထင်သည်။ ဒီ့ထက်လည်းသူပိုပြီးမတောင်းပန်ချင်တော့။

"မင်းအဲ့လိုပြောလိုက်ရုံနဲ့Taehyungieကပြန်ပြီးပျော်ရွှင်သွားမှာလား?? ပျက်ကျသွားတဲ့ကလေးက ပြန်ရောက်လာမှာလား??! "

"ပျက်ကျသွားတာ?? အဟင်း...အဲ့လိုမဟုတ်လောက်ဘူးထင်တာပဲ ပျက်ကျသွားတောင်ဟုတ်ပါ့မလား? တမင်.."

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now