(( 5 ))

7.4K 770 47
                                    

Unicode

Jungkookရဲ့ရုံးခန်းအတွင်းထိုင်ကာ အတွင်းရေးမှုးမလေးချပေးသွားသည့်ကော်ဖီခွက်ဖြင့်JungkookအလာကိုJiminထိုင်စောင့်နေလိုက်သည်။

Jungkookကတော့အစည်းအဝေးရှိတာကြောင့် ရုံးခန်းထဲမှာမရှိ။ သူ့မှာလဲအရေးကြီးလို့သာကုမ္ပဏီထိလိုက်လာရတာ။ မတော်သူ့ရဲ့အခုလိုပုံစံနဲ့ တစ်ယောက်ယောက်များမြင်သွားရင် အဆင်မပြေ။

အရင်တွေကလည်း ရောက်ဖူးပေမဲ့စောင့်နေရင်းဘာရယ်မဟုတ်ရုံးခန်းလေးထဲမျက်စိလေးဝေ့ကာပတ်ကြည့်မိတော့ အမှတ်မထင်အကြည့်တို့ကJungkookစားပွဲပေါ်သို့ရောက်သွားသည်။

စားပွဲနားလျှောက်သွားကာ ဟိုဟိုဒီဒီစပ်စုမိတော့စားပွဲဒေါင့်နားလေးတွင်မှောက်ချထားသည့်photo standလေးတစ်ခု။ သူထင်တာမမှားဘူးဆိုTaehyungနှင့်ပက်သက်သည့်အရာတစ်ခုခုပဲဖြစ်ပေလိမ့်မည်။

သူလည်းမှောက်ထားသည့်ဓာတ်ပုံလေးကိုဆွဲလှန်ကာကြည့်မိလိုက်တော့ ထင်သည့်အတိုင်းTaehyungနှင့်Jungkookနှစ်ယောက်သားဖက်လျက်တွဲရိုက်ထားသည့်ပုံလေး။

Taehyungကိုရင်ခွင်ထဲသိမ်းကြုံးဖက်ထားကာရယ်မောနေကြသည့်ပုံလေး။ သူသဘောကျစွာပြုံးလိုက်မိသည်။ နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ခဲ့ကြတာပဲကို။

သူလဲဓာတ်ပုံလေးကိုနေရာမှာအသာပြန်မှောက်လိုက်ရင်း ဆိုဖာခုံလေးဆီတွင်သာပြန်ထိုင်စောင့်နေလိုက်သည်။

ကုမ္ပဏီထိရောက်လာပြီး သူပြောမည့်အကြောင်းအရာတွေကိုကြားရင်Jungkookကသေချာပေါက်သူ့ကိုစိတ်ဆိုးအုံးမှာလည်းမြင်ယောင်နေပြီ။ သို့သော်သူမှဝင်မပါရင် သူတို့ရဲ့ဇာတ်လမ်းကြီးကဆုံးခန်းတိုင်တော့မှမဟုတ်။

'တင်'

ဖုန်းထဲသို့ရုတ်တရက်ဝင်လာသည့်messageတစ်စောင်။

'အကူအညီတောင်းပါတယ်Jimin ah'ဆိုသည့်စာလေး။

သူလည်းသက်ပြင်းလေးတစ်ချက်သာချလိုက်မ်သည်။ မဟုတ်တောင်အဲ့ကိစ္စပြောမလို့Jungkookဆီရောက်နေတာမဟုတ်ပါလား။

Jiminကိုယ်ဝန်ကိစ္စကိုJungkookကလွဲ၍ လူကြီးတွေတစ်ယောက်မှမသိကြသေး။ ပြောလဲမပြောရဲတာကြောင့် နိုင်ငံခြားသို့ကျောင်းသွားတက်မည်ဟုသာလိမ်လည်ထားရခြင်းဖြစ်သည်။ထို့ကြောင့် Jungkookကသူ့ကို ကွန်ဒိုတွင်ပင်ခေါ်ထားကာလူကြီးတွေမသိအောင် ဂရုစိုက်စောင့်ရှောက်ပေးထားချင်ပင်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now