(( 4 ))

7.5K 785 52
                                    

Unicode

နေကြာပန်းခင်းကြီးထဲတွင် Taehyungနှင့်ကိုကိုလက်တွဲပြီးလမ်းလျှောက်နေကြသည်။

နေရောင်ခြည်နွေးနွေးအောက်တွင် သူတို့နှစ်ယောက်လုံးအပြုံးတွေကိုယ်စီဖြင့် ပျော်ရွှင်နေခဲ့သည်။ ကိုကိုကTaehyungကိုကြင်နာကြည်နူးစွာပြုံးပြနေသလို Taehyungကလည်းကိုကို့လက်တွေကိုတင်းတင်းဆုပ်ကိုင်ရင်း အတောက်ပဆုံးပြုံးပြနေမိသည်။

ထို့နောက်ရုတ်တရက်ကိုကိုက မြေကြီးအောက်သို့တစ်စုံတစ်ခုကိုငုံ့ကြည့်လိုက်သည့်မလို့
Taehyungလည်းလိုက်ကြည့်တော့မှကလေးလေးတစ်ယောက်။ သူတို့နှစ်ယောက်ရဲ့လက်တစ်ဖက်စီကိုဆွဲကိုင်ထားသည့်ကလေးငယ်လေး။ အရိပ်တစ်ခုလိုဝါးတားတားနှင့်မလို့ သိပ်တော့မမြင်ရ။ ကိုက်ိုကထိုကလေးလေးကိုကောက်ပွေ့လိုက်ပြီး သူ့နားကနေထွက်သွားသည်။

သူလဲကိုကိုနှင့်ကလေးနောက်သို့လိုက်သွားပေမဲ့ ပို၍သာဝေးလာတာကြောင့်ထိတ်လန့်လာသည်။

"ကိုကိုTaeကိုစောင့်အုံး"

သူလှမ်းအော်တော့ကိုကိုက ကလေးကိုပွေ့ချီထားလျက်လှည့်ကြည့်လာသည်။

'ဟင်'

ကို့ကို့ဘေးနားမှာJiminကဘယ်တုန်းကရောက်သွားတာလဲ။ ကိုကိုရယ်Jiminရယ် ကလေးလေးရယ်ကသူ့ကိုပြုံးကြည့်နေကြသည်။

"ဟင့်အင်း...ဟင့်အင်းနော်!!!"

အဲ့လိုမဖြစ်ရဘူးနော်။ သူ့နေရာလေ။ ကိုကိုဘေးကသူဖြစ်ရမှာလေ။ ဘာလို့လဲ?? သူကဘာလို့ကိုကို့နားသွားလို့မရတာလဲ?

"ကိုကို Taeကိုမထားခဲ့ပါနဲ့ ...."

ထို့နောက်ပိုမိုဝေးကွာသွားသည့်ကိုကို့ပုံရိပ်နောက်သို့သာစမ်းတဝါးဝါးပြေးလိုက်ရင်း....

"ကိုကို!!"

နဖူးပြင်မှာချွေးလေးတွေရွှဲစို့နေကာ Taehyungနိုးထလာတော့သည်။ မျက်ဝန်းထဲမှလည်းမျက်ရည်တို့ကကျဆင်းနေလျက် မဖြေဆည်နိုင်အောင်ဖြစ်နေရသည်။ ဘယ်လိုပဲအိမ်မက်လို့ဆိုပါစေအုံး အခုလိုအခြေအနေမျိုးမှာမက်သည့်ဤအိမ်မက်သည်Taehyungနှလုံးသားတစ်ခုလုံးကိုကြေမွကာသေသွားစေနိုင်လောက်သည်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now