(( 21 ))

5.1K 582 56
                                    

Unicode

Taehyungသန့်စင်ခန်းထဲရောက်တော့ တံခါးကိုလော့ချလိုက်ပြီးခုန်ပေါက်နေသည့်ရင်ဘတ်အစုံကိုဖိရင်း အတုန်တုန်အရင်ရင်ဖြစ်ကာထိတ်လန့်နေရသည်။

ဒီရက်ပိုင်းထဲနေရတာသိပ်မလန်းမဆန်းဖြစ်ကာအစားအသောက်ပျက်နေတာ နေမကောင်းဖြစ်ချင်နေသည်ဟုထင်ထားခဲ့တာ...

စောစောကဇာတ်လမ်းတွဲထဲကဇာတ်ဝင်ခန်းကို ကြည့်မိတော့မှအမှတ်မထင်တွေးမိလိုက်သည့်ကိစ္စတစ်ခုကြောင့် သူ့ရင်ထဲဒိန်းခနဲ။

အေးစက်စက်ဖြစ်နေသည့်လက်ဖျားတွေကို အချင်းချင်းဆုပ်ကိုင်ရင်ဆောက်တည်ရာမရရေချိုးခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်နေမိသည်။

"မဟုတ်လောက်ပါဘူး....ဟူး.... ငါဒီတိုင်းလျှောက်တွေးမိတာနေမှာပါ စိတ်ထင်တာပါ"

ကိုယ့်စိတ်ကိုဖြေသိမ့်ဖို့ကြိုးစားနေပေမဲ့ အရာမထင်။ ရင်ဘတ်ထဲမှထိတ်လန့်မှုတို့ကပိုလို့ပင်ထိုးတက်လာလေသည်။

ထို့နောက်တုန်တုန်ရီရီဖြင့် ဘေဇင်ကမှန်ရှေ့တွင်ရပ်ကာဝတ်ထားသည့်Hoodieအင်္ကျီလေးကိုအသာလှန်တင်ကာမှန်ထဲကနေကြည့်မိသည်။

"မဟုတ်ဘူးမလား...ဟင့်...  မဟုတ်ဘူးမလား..."

ပေါ်နေသည့်ဝမ်းဗိုက်ပေါ်သို့ အသာထိတွေ့ကြည့်ရင်းမျက်ရည်တို့ကကျလာသည်။ သေချာတာကတော့ပျော်လို့ကျတဲ့မျက်ရည်တော့မဟုတ်။ ဘာကြောင့်ကျလာမှန်းလဲသူမသိ။

သူသိတာတခုကခေါင်းထဲအတွေးတွေကဗလာကျင်းနေသည်။ ကြောက်နေတာရော ထိတ်လန့်တာတွေရောပေါင်းကာ ထိုနေရာမှာတင်မတ်တပ်ကြီးဘယ်လောက်အတွေးတွေလွတ်နေမိလဲမသိ ကိုကိုအပြင်ကနေရေချိုးခန်းတံခါးလာခေါက်တော့မှ တုန်ခနဲလန့်သွားကာအသိဝင်သည်။

"ဘေဘီ နေလို့မကောင်းဘူးလား? ဝင်သွားတာကြာနေပြီ တစ်ခုခုဖြစ်နေတာလား "

"ဟင့်...ဟင့်အင်း ဘာ မှ မဖြစ်ဘူးကိုကို ပြီးပြီထွက်ခဲ့မယ်"

သူအမြန်ပင်မျက်နှာတွေရောသစ်ကာ ဘာမှမဖြစ်ဟန်နဲ့ပဲပြန်ထွက်ခဲ့လိုက်သည်။ သူထွက်လာတော့ကိုကိုက စိုးရိမ်တကြီးနဲ့ရေချိုးခန်းရှေ့ကနေသူ့အားရပ်စောင့်နေသည်ကိုတွေ့လိုက်ရသည်။

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now