(( 7 ))

6.7K 708 50
                                    

Unicode

မနက်ခင်စောစော breakfastစားနေတုန်း အိမ်ထဲသို့ဝင်လာသည့်လူတစ်ယောက်ကြောင့် Namjoonမနက်စာစားနေရင်းလှမ်းနှုတ်ဆက်လိုက်သည်။

"အော် Yeonjunieအစောကြီးဘယ်လိုရောက်လာတာလဲ? အငယ်လေးကမနိုးသေးဘူးထင်တယ်"

"ရတယ်Joon Hyungသူကျွန်တော့်ကိုဖုန်းဆက်ခေါ်ထားလို့ ကျွန်တော်သူ့အခန်းပဲတက်သွားလိုက်တော့မယ်"

"အင်း အင်း အဲ့တာဆိုလဲခဏနေနှစ်ယောက်လုံးမနက်စာလာဆင်းစားကြအုံး"

သူလှမ်းပြောလိုက်တော့"Nae Hyung"ဆိုပြီး အပေါ်ကိုဒုန်းစိုင်းပြေးတက်သွားသည့် ကောင်လေးကိုကြည့်ပြီး သဘောကျစွာဖြင့်ခေါင်းသာရမ်းနိုင်တော့သည်။

Yeonjunieဆိုတာတခြားသူမဟုတ်။ သူ့ညီTaehyungieရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းကောင်လေး။ နှစ်ယောက်သား မူကြိုတက်ကတည်းအတူတူ။ ဝါသနာတူရည်မှန်းချက်တူလေးတွေဆိုငယ်ငယ်ကတည်းစွဲစွဲမြဲမြဲချစ်ပြီးပေါင်းလာကြတာ။

ထို့ပြင်Yeonjunရဲ့အစ်ကိုအကြီးဆုံးဥက္ကဌChoi Siwonနှင့်သူနဲ့ကလည်းအထက်တန်းကျောင်းနေဖက်သူငယ်ချင်းဖြစ်ခဲ့ဖူးတော့ ကလေးတွေရောနှစ်ဖက်မိသားစုကပါနှစ်အိမ့်တစ်အိမ်ဖြစ်နေကြတာ မဆန်းတော့။

TaehyungရောYeonjunရော နှစ်ယောက်စလုံးကကလေးဆန်ကြသည်။ မိသားစုနှစ်ခုလုံးမှာ အငယ်ဆုံးကလေးတွေဖြစ်ကြတာမလို့ ဗိုလ်ကျကာငယ်ဆိုးလေးတွေဆိုးတတ်ကြပေမဲ့ သူတို့အချင်းချင်းတော့ချစ်ခင်ကာအလျှော့ပေးပေါင်းကြသည့်နှစ်ယောက်။

Taehyungအခန်းထဲသို့ ဝင်သွားတော့မောင်မင်းကြီးသားကသူ့ငွေမှင်ရောင်ဆံပင်အုပ်အုပ်လုံးလုံးကို dryerဖြင့်မှုတ်နေလေသည်။ ကြည့်ရတာမနက်စောစောခေါင်းထလျှော်ထားဟန်။

"Yah Kim Taehyung မနက်အစောကြီးခေါင်းလျှော်ထားတာလား?ဒီလောက်အေးနေတာကို "

Yeonjunကအခန်းထဲရောက်သည်နှင့် Taehyungခုတင်ပေါ်တက်ကာစောင်ထဲဝင်ကွေးတော့သည်။

"အင်း ဒီနေ့Jiminနဲ့ချိန်းထားတာကို အပြင်သွားမှာဆိုတော့သပ်သပ်ရပ်ရပ်ဖြစ်အောင်လို့ပါမင်းကလဲ"

  "𝗝𝗲𝗼𝗻 , ᴡʜᴇɴ ᴄʜᴇʀʀʏ ʙʟᴏꜱꜱᴏᴍ ᴀɢᴀɪɴ..."{Completed}Where stories live. Discover now