Chapter-1 [Z×U]

578 38 5
                                    

၁၉၉၉ ခုနှစ် ~~~

အယောက် ၂၀ ခန့်မျှသာရှိသော တရားခွင်ဟာ ငြိမ်သက်လွန်းလှသည်။ တစ်ဖက်တစ်ချက်စီမှာ
ရှိနေကြသည့် ရှေ့နေများသည်လည်း တရားသူကြီးမင်း၏ ဆုံးဖြတ်ချက်ကို ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

"နောက်ဆုံး ဆုံးဖြတ်ချက်ချမယ် "

" တရားခံ *** သည် ပြစ်မှုထင်ရှားကြောင်းတွေ့ရသဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ် အနှစ် ၂၀ ကျခံစေ "

တရားသူကြီးချမှတ်သည့် စီရင်ချက်ကိုကြားတော့ အမျိုးသမီးတစ်ဦးသည် တရားခံကို နားကျည်းစွာဖြင့် စေ့စေ့ကြည့်နေမိသည်။

"အနှစ်၂၀ ၊ အနှစ် ၂၀ တဲ့လား ... ဘယ်လိုလုပ်ပြီး ... "

တုန်ယင်နေသော နှုတ်ခမ်းများက ကိုက်ထားပါများတော့ သွေးတောင်စို့နေလေပြီပင် ..

"ကောင်းပြီလေ ... တရားဥပဒေက မသတ်ပေးနိုင်ရင် ငါကသတ်ပေးရမှာပေါ့ "

မျက်ဝန်းကိုမှိတ်လိုက်ပြီးတော့ အပြည့်ဖြစ်နေတဲ့ မျက်ရည်များကို ပါးပြင်ပေါ်သို့ သက်ဆင်းစေလိုက်သည်။ တစ်လက်စတည်း ခါးကြားထဲမှာထိုးထားသည့် ဓားကိုဆွဲထုတ်ပြီးတော့ တရားခံဆီကို ဦးတည်သွားလိုက်၏။

ချွင် ...

လုံခြုံရေးများ၏ တားဆီးမှုကြောင့် ကိုင်ဆောင်ထားသည့်ဓားဟာ မြေပြင်ပေါ်ကိုလွတ်ကျသွားခဲ့သည်။

"လွှတ် ... ငါသူ့ကိုသတ်ရလိမ့်မယ် ...
သူ့လိုကောင်မျိုးတွေက ဒီလောကမှာ ရှိမနေသင့်ဘူး ... လွှတ်လို့ပြောနေတယ်လေ ..."

တရားခွင်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတဲ့နောက် သူမဟာ တရားရုံးအပြင်ဘက်ကို ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။ အားတင်းကာ ရပ်ထားသည့် ခြေထောက်အစုံသည်လည်း ခွေကျသွားတော့၏။

လက်ဖျားတွေသည် တုန်ယင်လာပြီးတော့ မျက်ဝန်းတွေသည်လည်း ကျိန်းစက်နေလေပြီ။
မောဟိုက်စွာဖြင့် ကောင်းကင်ကြီးကို မော့ကြည့်တော့ နေရောင်ခြည်သည် အင်မတန်မှကို စူးရှနေသည်။

ထိုနှစ်က နွေဦးသည် အပူဆုံးနှစ်ဖြစ်ခဲ့သည်။

☁️☁️☁️

Safe And SoundWhere stories live. Discover now