Part - 17 [Z×U]

102 25 0
                                    

အိပ်မောကျသွားပြီဖြစ်တဲ့ ယွင်ရှီးရဲ့ အသက်ရှူသံခပ်တိုးတိုးကို ဖေးယွီနားထောင်နေမိသည်။ ယွင်ရှီးရဲ့
ဝင်လေထွက်လေ ခပ်နွေးနွေးက သူရဲ့ လည်ပင်းတစ်ဝိုက်မှာ ကလူကျီစယ်နေလျက်ရှိနေသည်။

ယွင်ရှီးက သူ့ကိုနွေးအောင်စေရန်အတွက် တမင်လုပ်ခဲ့တာမှန်း ဖေးယွီသိပါသည်။ သိပေမယ့် ဖေးယွီမငြင်းရက်ခဲ့။ ယွင်ရှီးကို ပျော်စေချင်တာကြောင့် သူလုပ်ပေးတဲ့အရာတွေကို မငြင်းဆိုပဲ လက်ခံပေးဖို့ ဖေးယွီဆုံးဖြတ်ထားတာကြောင့်ပင်။

အခုလည်း ခါးကိုတင်းနေအောင်ဖက်ထားပြီးတော့ အသံလေးထွက်သည်အထိ အိပ်မောကျနေလေ၏။
ဖေးယွီ ခေါင်းလေးငုံ့ကာကြည့်လိုက်ပြီးတော့ ယွင်ရှီးရဲ့ နဖူးလေးအပေါ် အနမ်းတံဆိပ်လေး ရိုက်နှိပ်လိုက်လေ၏။

ညဥ့်နက်နေပြီဖြစ်တာကြောင့် အအေးကပိုလာခဲ့ပြီဖြစ်သည်။ ဖေးယွီ ယွင်ရှီးကို ဒီ့ထက်ပိုပြီး နွေးသွားအောင်လို့ ခန္ဓာကိုယ်အချင်းချင်းကို ပိုနီးကပ်စေလိုက်ပြီးတော့ တိုး၍ဖက်လိုက်သည်။ ရင်ခွင်ထဲက ယွင်ရှီးကတော့ တကယ်ကိုနှစ်ခြိုက်စွာ အိပ်မောကျနေလေ၏။

ဖေးယွီနိုးလာတဲ့အချိန်ထိ ယွင်ရှီးဟာအိပ်လို့ကောင်းနေတုန်းပင်။ သူ့ကိုဖက်ထားလိုက်တာများ
ကြောင်ပေါက်လေးတစ်ကောင်အလားပင်။

ဖေးယွီ ယွင်ရှီးကို သက်တောင့်သက်သာအိပ်ရအောင်လို့ ခေါင်းအုံးပေါ်သို့နေရာပြောင်းပေးလိုက်သည်။ ခန္ဓာကိုယ်လေးကို စောင်လေးနဲ့ပတ်ပေးလိုက်ပြီးတော့ သူအရင်ဆုံး အိပ်ရာထလိုက်သည်။

နှာခေါင်းထဲကိုတိုးဝင်လာတဲ့ အနံ့မွှေးမွှေးကြောင့် ယွင်ရှီးမျက်လုံးတွေပွင့်လာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ဝေဝါးနေရာကနေ သေချာကြည့်မိတော့ ဖေးယွီက တစ်ခုခုကြော်နေပုံရသည်။

"ဖေးယွီ ဘာလုပ်နေတာလဲ "

ယွင်ရှီးမေးလိုက်တော့ သူကနောက်ပြန်ကြည့်ကာ ပြုံးပြလေ၏။

"ထမင်းကြော်နေတာ...
ြ်မန်မြန်ရေသွားချိုးတော့ မနက်စာအသင့်ပြင်ထားတယ် "

Safe And SoundWhere stories live. Discover now