Chapter - 7 [Z×U]

149 37 4
                                    

ချုပ်တည်းထားတဲ့စိတ်တွေက "ကျုပ်ရှိတယ် " ဆိုတဲ့ စကားလုံးအောက်မှာ ပြေလျော့သွားလေ၏။
ပွေ့ဖက်မှုအောက်မှာပဲ သိမ်ငယ်နေတဲ့စိတ်တွေကို ဖွင့်ထုတ်မိတော့ မျက်ရည်စအနည်းက ထိုလူရဲ့အကျီင်္ မှာစွန်းထင်းသွားတော့သည်။

"မင်းကဘာလဲ ... ကိုယ်နဲ့မဆိုင်ရင် ဖယ်နေ "

ဖေးယွီက တစ်ဖက်လူကို တစ်ခွန်းတစ်လေတောင် မတုံ့ပြန်ပဲ ရင်ခွင်ထဲကလူအဆင်ပြေစေဖို့ကိုပဲ အလေးထားနေမိသည်။
ခါးနားကအင်္ကျင်္ီစလေးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားနေတဲ့ လက်လေးတွေကိုကြည့်ပြီး ဖေးယွီရဲ့စိတ်ထဲမှာ ခံစားမှုတွေ ရောထွေးလာသည်။

~ဤလူသားဟာ ဘာကြောင့်များ အားနည်းနေရတာပါလဲ။ ဘယ်လိုအကြောင်းတွေကများ အားနည်းစေပါလိမ့်။

"ဟေ့ ငါပြောနေတယ်လေ "

တစ်ဖက်လူကဘာပြောပြော ဖေးယွီသူ့ကိုနည်းနည်းလေးတောင်စိတ်မဝင်စားပါ။
ဈေးထဲကလူတွေအကုန်လုံးက သူတို့ကိုဝိုင်းကြည်နေလဲ သူမမှု။ အခုချိန်မှာ အရေးကြီးတာက ယွင်ရှီးပင်။

"ကြည့်ရတာ စကားမပြောတတ်ဘူးထင်တယ်
အင်းလေ  ထားပါတော့ ..မင်းနဲ့မှပြောစရာမရှိတာ.. လော်ယွင်ရှီးနဲ့ပဲရှင်းမယ် "

"အ "

ယွင်ရှီးဆီကို ဦးတည်နေတဲ့ လက်တွေဟာ ဖေးယွီရဲ့ ဟန့်တားမှုကြောင့် နာကျင်သွားလေ၏။

တစ်ဖက်လူရဲ့နာကျင်မှုအသံကြောင့် ခါးနားက တင်းကျပ်မှုကို ဖေးယွီခံစားလိုက်ရသည်။ ငုံ့ကြည့်မိတော့ မျက်လုံးတွေစုံမှိတ်ကာ ကြောက်လန့်နေတဲ့ လော်ယွင်ရှီး၊

"ယွင်ရှီး ... "

ဖေးယွီက နှစ်ကိုယ်တည်းကြားနိုင်တဲ့ အသံဖြင့် ခေါ်လိုက်သည်။

"ခင်များ ကျုပ်ရဲ့ခါးကိုဖက်ထားပေးနိုင်မလား
ကျုပ် ဒီကောင်တွေကို မောင်းထုတ်တော့မှာမလို့ "

ဖေးယွီရဲ့စကားအဆုံး နားမလည်ဟန် မော့ကြည့်လာတဲ့ ယွင်ရှီးကို သူ ပြုံးပြလိုက်သည်။
ပြီးတော့ အင်္ကျီစကို ဆွဲကိုင်ထားတဲ့ ယွင်ရှီးရဲ့လက်တွေကိုယူပြီးတော့ သူ့ခါးမှာတင်းကျပ်အောင်ဖက်ထားစေလိုက်သည်။
ပြီးတော့ ယွင်ရှီးရဲ့ ခေါင်းလေးကို ခပ်ဖွဖွလေးထိန်းပေးရင်း သူ့ရဲ့ ရင်ဘက်နားမှာ မျက်နှာအပ်စေလိုက်သည်။

Safe And SoundWhere stories live. Discover now