Part - 16 [Z×U]

86 29 0
                                    

ဖေးယွီတို့နှစ်ယောက် အိမ်ပြန်လမ်းတစ်လျှောက်ကို လက်ချင်းသွယ်ယှက်ပြီးတော့ ဖြည်းဖြည်းချင်းပဲလျှောက်လာခဲ့သည်။

ဖေးယွီတို့အိမ်နားလဲရောက်ရော နှုတ်ဆက်ဖို့အတွက် စကားပြင်ခါနီး ချန်မင်ရဲ့အသံကိုကြားလိုက်ရသည်။

"ယွင်ရှီးကော. ... ဖေးယွီ ပြန်လာကြပြီလား။
ဒီမှာ ဝူလျန်ရောက်နေတယ်"

ဝူလျန်ဆိုတဲ့နာမည်ကြားတော့ ယွင်ရှီးသူ့ကို လှမ်းကြည့်မိလိုက်သည်။ ဖေးယွီနဲ့ခင်မယ့်ပုံပေါ်တဲ့ ဒီကောင်လေးကို အခုမှ ပထမဆုံးအကြိမ်ဖြစ်ဖူးတာဆိုပေမယ့် ချန်မင်လိုဖော်ရွေမည့်ပုံပေါ်သည်။

"ဒါနဲ့ ... မင်းတို့က "

ချန်မင်ရဲ့မျက်ဝန်းတွေက သူတို့လက်တွေကိုမြင်တော့ အံ့သြသွားပုံရသည်။

ယွင်ရှီးထိတ်လန့်တကြားနဲ့ ဖေးယွီကိုမော့ကြည့်မိတော့ သူကတစ်ချက်မျှပြုံးပြလေ၏။

"ငါတို့က တွဲနေကြပြီ "

ဖေးယွီအခုလိုပြောလိုက်မယ်လို့ ယွင်ရှီး လုံးဝမထင်ခဲ့ပေ။ ချန်မင်ရော သူ့သူငယ်ချင်းရောက ဖေးယွီစကားကိုကြားတော့ ခေတ္တမျှတိတ်သွားလေ၏။

"မင်းတို့ကို ပြောပြမလို့ပဲ ဒါပေမယ့် စဉ်းစားစရာတွေရှိသေးလို့ မပြောပဲနဲ့ထားထားတာ၊ အခုတော့ ဝူလျန်ပါသိသွားတာပေါ့ "

ယွင်ရှီးဟာ ဘာမှမပြောသေးပဲ ဖေးယွီရဲ့သူငယ်ချင်းတွေကို မျက်လုံးလေးကလယ်ကလယ်နဲ့ကြည့်နေမိသည်။

"ယွင်ရှီးကော "

ချန်မင်ကခေါ်လိုက်တော့ ယွင်ရှီး အလန့်တကြားနဲ့ ချန်မင်ကို ကြည့်လိုက်မိ၏။

"ဖေးယွီကို သေချာအပ်တယ်နော် ...ဒီကောင် အချိုးမပြေတာတစ်ခုခုလုပ်ရင် ကျွန်တော်တို့ကိုလာပြော "

ချန်မင်က ပြုံးရွှင်စွာဖြင့် ပြောလာတော့မှ ယွင်ရှီးခင်မျာ စိတ်အေးသွားရတော့လေသည်။ ဖေးယွီရဲ့ သူငယ်ချင်းတွေက သူတို့ကိုမကန့်ကွက်ဘူးပဲ။

"မြန်မြန်ဝင်လာတော့ ... ဝူလျန်ရောက်လာလို့ ကျွန်တော်တို့ ဟော့ပေါ့လုပ်စားမလို့လုပ်နေတာ ယွင်ရှီးကောပါ တစ်ခါတည်းစားသွားလေ "

Safe And SoundWhere stories live. Discover now