"လိုက်မလာနိုင်တော့ဘူးမလား "
တော်တော်ဝေးဝေးကိုပြေးခဲ့ပြီးတဲ့နောက် မော
လာလို့ခဏရပ်ပြီး နားလိုက်တယ်။ အနောက်ဖက်ဆီကို ခေါင်းလေးပြူပြီးတော့ ဟိုကောင်တွေလိုက်လာမလာကို ယွင်ရှီး ကြည့်လိုက်သေး၏။"မောလိုက်တာ "
ဟောဟဲဖြစ်နေတဲ့ အသက်ရှူသံတွေနဲ့အတူ မျက်လုံးလေးမှိတ်ပြီး အမောဖြေနေတဲ့ ယွင်ရှီးပုံလေးက လရောင်မှိန်မှိန်လေးအောက်မှာတောင် လင်းလက်နေသည်။
ဆုပ်ကိုင်ထားတဲ့လက်တွေက အခုထိမလွှတ်သေးတာကြောင့် ဖေးယွီက ထိုလက်ချောင်းတွေကို တစ်ချက်လောက် ခပ်တင်းတင်းလေးဆုပ်ကိုင်
လိုက်တယ်။"ဘာလို့အားအကုန်ခံပြီး ပြေးတာလဲ "
"မပြေးရင် သေမှာပေါ့ ... တစ်ယောက်နဲ့ ၅ ယောက်က အားမျှတယ်လို့ထင်နေတာလား
မသေရင်တောင် မင်းတစ်ခုခုဖြစ်သွားနိုင်တယ် ""ဒီလောက်ကတော့ အေးဆေးပါ "
"ဘာ အေးဆေးတာလဲ မင်း ဒီလိုနဲ့ တကယ်တစ်ခုခုဖြစ်သွားလိမ့်မယ် "
ပန်းရောင်နုနုလေးသမ်းနေတဲ့ နှုတ်ခမ်းပါးလေးဆီကနေ ထွက်လာတဲ့စကားလုံးတွေက သူ့ကို
စိုးရိမ်တယ်ဆိုတဲ့ အဓိပ္ပာယ်တွေပါနေတာကြောင့် ဖေးယွီ ယွင်ရှီးကိုငေးကြည့်နေမိသည်။ပထမဆုံးအနေနဲ့ သူစိမ်းတစ်ယောက်က သူ့ကိုစိုးရိမ်ပေးတာမို့လို့ ~~~
"ငါတို့အိမ်နားမှာတော့ စောင့်မနေလောက်ဘူးမလား "
ယွင်ရှီးက သူ့ကိုမေးလာတော့ ဖေးယွီခေါင်းခါပြလိုက်သည်။
"ဘယ်သိမှာလဲ "
"ဟင် အဲ့တာဆို အိမ်ပြန်လို့မရဘူးလား "
ချက်ချင်းပဲမျက်နှာငယ်လေးဖြစ်သွားလိုက်တာများ သူ့ကိုဆရာကြီးလုပ်ပြီးပြောတုန်းကပေစောင်းစောင်းမျက်နှာလေးနဲ့ ကွာလှ၏။
ယွင်ရှီးရဲ့ပုံစံလေးကိုမြင်ပြီး ဖေးယွီ ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။
"ဒီတိုင်းလိုက်လာခဲ့ "
ဖေးယွီက ဦးဆောင်ပြီး ခြေလှမ်းကျယ်ကြီးတွေနဲ့သွားတော့ ယွင်ရှီးမှာ ယက်ကန်ယက်ကန်နဲ့ပါသွားရသည်။
~သူတို့နှစ်ယောက်ရဲ့လက်တွေက အချင်းချင်းဆုပ်ကိုင်ထားတာကြောင့်