"လော်ယွင်ရှီး ... ကျုပ်လာတယ် "
လက်ထဲမှာ အသီးထုတ်လေးကိုင်ထားပြီးတော့ တံခါးလေးကို နှစ်ချက်လောက်ပုတ်ကာ အသံပြုလိုက်သည်။သူ အသံပေးလိုက်ပေမယ့် အတော်ကြာသည်အထိ ထွက်မလာတဲ့သူကြောင့် နောက်ထပ်နှစ်ချက်လောက်ထပ်ပုတ်လိုက်သည်။
"လာပြီဖေးယွီ ... ခဏလေး "
ထိုအခါမှအသံပြန်ပေးပြီးတော့ တံခါးကိုဖွင့်ပေးလာတော့၏။ သို့သော်လည်း အိမ်ထဲက ထွက်လာတဲ့ လော်ယွင်ရှီးကတော့ လက်ထဲမှာ တူတွေ ၊ ဂွတွေနဲ့။
"ဘာလုပ်နေတာလဲ "
ဖေးယွီက သိချင်စွာမေးလိုက်တော့ မျက်နှာချိုသွေးတဲ့အပြုံးမျိုးပြုံးပြကာစကားဆိုလေ၏။
"မီးလုံးက လာလိုက် မလာလိုက်ဖြစ်နေလို့ လုပ်ကြည့်နေတာ "
"ခင်များက လုပ်တတ်လို့လား "
"မလုပ်တတ်ဘူး "
မျက်နှာငယ်လေးနဲ့ ခေါင်းယမ်းပြတဲ့ယွင်ရှီးကြောင့် ဖေးယွီမှာအသီးထုတ်ကိုကိုင်ထားလျက်နဲ့ပဲ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။
တူ တွေ ၊ ဂွတွေ တင်မက အခြားစက်ပစ္စည်းတွေသည်လည်း ကြမ်းပြင်ပေါ်မှာအတိုင်းသားပြန့်ကျဲနေလေ၏။
"မလုပ်တတ်ပဲ ဘာလို့လုပ်နေတာလဲ ... တစ်ခုခုဖြစ်သွားဦးမယ် "
"အစကပြင်ဖို့ လူခေါ်မလို့ပဲ။ ဒါပေမယ့် ပေးစရာပိုက်ဆံကမလောက်တော့လို့ "
ယွင်ရှီးရဲစကားအဆုံး သူ့မှာသက်ပြင်းချလိုက်ရပြန်သည်။ သူလာလိုက်တာမှန်သွားလို့တော်သေး။ မဟုတ်ရင် မလုပ်တတ်ပဲလျှောက်လုပ်နေဦးမှာ။
"ဒါနဲ့ ဖေးယွီက ဒီကိုဘာကိစ္စနဲ့လာတာလဲ "
"ရော့ "
ယွင်ရှီးရဲ့မေးခွန်းကို သူကသစ်သီးထုတ်ကို လက်ထဲထိုးထည့်ပေးခြင်းဖြင့် ဖြေလိုက်သည်။
"အလုပ်သွားရင်းကနေ ဈေးချိုလို့ဝယ်လာတာ "
"စတော်ဘယ်ရီသီးတွေပဲ "
"ဘာလဲ မကြိုက်လို့လား ... မကြိုက်ရင်လဲပေး လွှင့်ပစ်လိုက်မယ် "