Part - 15 [Z×U]

107 30 4
                                    

ယွင်ရှီး တစ်ကိုယ်လုံး ကြက်သေသေသွားသလိုဖြစ်သွားတာကြောင့် ဖေးယွီရဲ့ အနမ်းတွေပြီးဆုံးသည်အထိကို သူ့မှာသတိမကပ်နိုင်သေး။

"လော်ယွင်ရှီး "

ဖေးယွီက သူ့ရဲ့ လက်မောင်းကို လှုပ်ကိုင်ပြီး
ခေါ်လိုက်တော့မှ သူ သတိပြန်ဝင်လာတော့သည်။

"ဟင် "

"စိတ်ဆိုးသွားတာလား ခင်များ "

ဖေးယွီရဲ့ မေးခွန်းကို ဘာဖြေရမလဲဆိုတာ သူမသိ။ ပထမဆုံးခံစားဖူးတဲ့ ခံစားချက်ဖြစ်သည့်အတွက် ဘာပြောရမလဲဆိုတာသူမသိပေ။ ဒါပေမယ့် သူသဘောကျသည်။ ဖေးယွီရဲ့အနမ်းတွေက သူ့ကိုရင်ခုန်အောင်လုပ်နိုင်တာကြောင့် သူသဘောကျသည်ဆိုတာကိုခံစားမိသည်။

"သွား ... သွား ရအောင် "

ယွင်ရှီး ဘာမှမတုံ့ပြန်တော့ပဲ အိမ်ပြန်ဖို့ကိုပဲပြောပြီးတော့ ထိုကစားကွင်းကနေ ထွက်လာခဲ့လိုက်၏။
ဖေးယွီကတော့ အရှေ့ကနေ ဂယောင်ချောက်ချားဖြစ်ပြီး လျှောက်သွားနေတဲ့ ယွင်ရှီးရဲ့ပုံစံလေးကိုမြင်ပြီး သဘောတကျနဲ့ရယ်လိုက်မိသည်။

အိမ်နားကမှတ်တိုင်ရောက်သည်အထိ သူနဲ့ယွင်ရှီးနဲ့ စကားမဆိုမိကြသေး။ ယွင်ရှီးဟာ အခုထိ သူနဲ့မျက်နှာချင်းမဆိုင်ရဲသေးသလိုဖြစ်နေတာကြောင့် ဖေးယွီဟာလည်း အလိုက်တသိဖြင့် ယွင်ရှီးအဆင်ပြေမယ့်အချိန်ကို အသာလေးစောင့်နေပေးနေတာပင်။

အိမ်အပြန်လမ်းရဲ့ ကုန်းလေးပေါ်ရောက်ခါနီး ယွင်ရှီးက လမ်းလျှောက်ရာမှရပ်လိုက်ကာ အနောက်ကိုလှည့်ပြီးတော့ သူ့ကိုကြည့်လာ၏။

"ဖေးယွီ "

"ခုနက ဘာလို့နမ်းတာလဲ "

ယွင်ရှီးရဲ့အမေးစကားကြောင့် သူ့မှာထိန်းမရနိုင်အောင် ရယ်လိုက်မိသည်။ သူရယ်လိုက်တော့ ယွင်ရှီးဟာ ကြောင်ပေါက်လေး မာန်ဖီနေသည့်အလား မျက်မှောင်လေးကြုတ်ပြီးကြည့်လာလေရဲ့။

"ဘာရယ်တာလဲ "

ဘောက်ဆက်ဆက်အသံလေးကြားတော့ ဖေးယွီ ရယ်နေရာကနေရပ်လိုက်ပြီးတော့ ခပ်ပြုံးပြုံးနဲ့ပဲ ယွင်ရှီးကိုကြည့်နေလိုက်သည်။

Safe And SoundTempat cerita menjadi hidup. Temukan sekarang