"လော်ယွင်ရှီး ကျုပ်လာတယ် "
ဖေးယွီ အပြင်ကနေ အသံပြုလိုက်ပြီးတော့ ယွင်ရှီး တံခါးဖွင့်ပေးတဲ့အထိ ရပ်စောင့်နေလိုက်သည်။ နေမကောင်းဘူးထင်တာကြောင့် လက်ထဲမှာ ဆေးထုပ်လေးကိုပါ တစ်ပါးတည်းယူဆောင်လာခဲ့လိုက်သည်။
ခဏကြာတော့ ညှိုးငယ်နေတဲ့ မျက်နှာသေးသေးလေးဖြင့် တံခါးဖွင့်လာတဲ့ ယွင်ရှီးကြောင့် ဖေးယွီ စိတ်ပူသွားရသည်။
"ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား",
ဖေးယွီ ချက်ချင်းနဖူးလေးကိုစမ်းလိုက်ပေမယ့် ဖျားတော့ဖျားမနေ။
"ဖျားတော့မဖျားပါဘူး ဒါပေမယ့် မျက်နှာက ဘာလို့ညှိုးနေတာလဲ ... "
ဖေးယွီကသာ စကားတွေဆက်တိုက်ပြောနေပေမယ့် ယွင်ရှီးကတော့စကားတစ်ခွန်းမှမဆိုတဲ့အပြင် မျက်နှာကို အောက်ကိုသာငုံ့ထားလေ၏။
"ငါ့ကို ဖက်ထားပေးပါလား "
တော်တော်ကြာမှ ယွင်ရှီးဆီကနေ တိုးလျလျအသံလေးထွက်လာ၏။
ဖေးယွီ ယွင်ရှီးရဲ့တောင်းဆိုမှုကို ဘာမှမမေးပဲ
ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ပြီးတော့ ခပ်တင်းတင်းလေး ပွေ့ဖက်ပေးလိုက်သည်။"ကောင်းလိုက်တာ ... မင်းရဲ့ရင်ခွင်က တကယ်နွေးတာပဲ "
ယွင်ရှီး ဖေးယွီရဲ့ရင်ခွင်ထဲရောက်ရော ခံစားချက်တွေကို ဆက်၍ထိန်းချုပ်ထားလို့မရတာကြောင့် သူ့ရဲ့ရင်ဘက်ပေါ်မှာ မျက်နှာအပ်လိုက်ပြီးတော့ စတင်၍ငိုမိတော့သည်။
ကလေးတစ်ယောက်လို အသံထွက်သည်အထိငိုလိုက်မိသည်။ သူ့ဘဝသက်တမ်းတစ်လျှောက် သယ်ဆောင်လာခဲ့ရတဲ့ ဝမ်းနည်းမှုတွေကို အခုမှဖွင့်ထုတ်လိုက်ရသလိုမျိုး။
ဖေးယွီကတော့ ဘာတစ်ခွန်းမှမဆိုပဲရှိုက်ကာငိုနေတဲ့ ယွင်ရှီးကို ပွေ့ဖက်၍သာ ထားမိသည်။ အခုချိနါ သူ့မှာ လုပ်ပေးနိုင်တာဆိုလို့ ဒီပွေ့ဖက်မှုပဲရှိတာကြောင့်။
ငိုတာရပ်သွားတော့ ယွင်ရှီးရဲ့ကျောပြင်လေးကို ကလေးလေးတွေငိုတဲ့အခါ ပုတ်ပေးသလိုမျိုး
ခပ်ဖွဖွလေးပုတ်ပေးမိသည်။