Chapter - 5 [Z×U]

153 36 0
                                    

ဘား ကနေ တော်တော်လှမ်းလှမ်းကိုရောက်တဲ့အခါ ပွေ့ချီထားတဲ့ ခန္ဓာကိုယ်ပေါ့ပေါ့လေးကို အသာလေးချပေးလိုက်သည်။

တုန်ယင်နေတဲ့ လက်သီးဆုပ်လေးတွေက သွေးရောင်တောင်ရှိမနေချေ။ ဘာစကားမှမပြောပဲ ယိုင်တိုင်ယိုင်တိုင်နဲ့ ထွက်သွားတဲ့သူရဲ့နောက်ကို စိတ်မချစွာဖြင့် လိုက်သွားမိသည်။

အသက်မပါတဲ့ခြေလှမ်းတွေက နှေးကွေးလွန်းတယ်။ အဲ့လိုပဲ သတိမကပ်တဲ့သူရဲ့ မျက်ဝန်းတွေဟာလဲ အဓိပ္ပာယ်မဲ့နေ၏။

တီ

"ခင်များ ဘာလုပ်နေတာလဲ "

ကားနဲ့တိုက်လုနီးပါးဖြစ်သွားတာကြောင့် ဖေးယွီ သူ့ကိုအော်ငေါက်လိုက်သည်။ ဘယ်လိုပဲ စိတ်ဆင်းရဲနေပါစေ အသက်တစ်ချောင်း ဆုံးရှုံးလုနီးပါးဖြစ်တာမို့လို့ ဖေးယွီသည်းမခံနိုင်။

"သတိထားစမ်းပါ  ... အဲ့လောက် သေချင်နေတာလား ဟမ် .. "

ပခုံးနှစ်ဖက်ကိုဆွဲယမ်းကာ မေးလိုက်ပေမယ့် ထိုလူကတော့ ဘာမှပြန်မဖြေ။ အသိစိတ်က ဝင်တစ်ချက် မဝင်တစ်ချက်နဲ့ သူ့အားကြည့်နေတဲ့ မျက်ဝန်းတွေက ပင်ပန်းလွန်းလှသည်။

"သေလိုက်ရင် ဒါတွေအားလုံး ပြီးသွားတယ်မလား ... အစကတည်းက သေလိုက်ရမှာ "

ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းပါးတွေကနေ တစ်လုံးချင်းစီကျလာတဲ့ စကားလုံးတွေက အေးစက်နေသည်။

"ခင်များက သောက်ရူးလား ... သေချင်တိုင်းသေရလောက်အောင် ခင်များအတွက် ဘာတွေက ခက်ခဲနေလို့လဲ ... ခင်များက သေချင်နေတဲ့အချိန်
တစ်ချို့လူတွေက အသက်ရှင်ဖို့ ဘယ်လောက်တောင်ကြိုးစားနေလိုက်ကြလဲ "

ဒေါသထွက်စွာပြောလိုက်တော့ ယွင်ရှီးဆိုတဲ့သူက သူ့လက်တွေကိုဖြုတ်ချလာ၏။

"မင်းကဘာမို့လို့လဲ ... ငါ့အကြောင်းကို ဘာတွေများသိနေလို့ အဲ့လိုပြောနေတာလဲ ... အသက်ရှင်ပြီး ကောင်းကောင်းရှင်သန်ချင်လွန်းလို့ ငါဘယ်လောက်ထိ ကြိုးစားနေထိုင်ခဲ့ရလဲဆိုတာကို မသိပဲနဲ့ လာမပြောနဲ့ "

သူ့ရှေ့မှာ မျက်ရည်တွေအပြည့်နဲ့ နာကျည်းစွာပြောနေတဲ့ ယွင်ရှီးကိုကြည့်ပြီး ပထမဆုံး
အနေနဲ့ အကြောင်းပြချက်မဲ့စွာ  ဝမ်းနည်းမိလာသည်။

Safe And SoundDonde viven las historias. Descúbrelo ahora