Chapter-11 [Z×U]

120 28 0
                                    

"ဖေးယွီ ... "

မျက်ရည်တွေဝိုင်းနေသော မျက်နှာလေးနဲ့ အိမ်ရှေ့ထိရောက်ချလာတဲ့ ယွင်ရှီးကြောင့်
ဖိနပ်ကြိုးချည်နေတဲ့ သူ့ရဲ့လက်တွေက တန့်သွားရသည်။

"ဘာဖြစ်လာလို့လဲ ... "

"ငါတို့ကို အလုပ်ဖြုတ်လိုက်ပြီ "

ပြောလဲပြော ၊ အော်လဲငိုနေတဲ့ ယွင်ရှီးကြောင့် သူ့မှာ အလန့်တကြားဖြစ်သွားရသည်။

"ဟိုခွေးကောင်ကို ငါတို့ကပြန်ပေးဆွဲတယ်ဆိုပြီး
အလုပ်ဖြုတ်လိုက်တယ် ... ငါတို့ အလုပ်လက်မဲ့ဖြစ်သွားပြီ "

ဖင်ထိုင်ချပြီး တဟီးဟီးငိုနေတာလေးကိုကြည့်ပြီး
ဖေးယွီစိတ်ထဲသဘောတကျပြုံးမိသွားသည်။ ယွင်ရှီးရဲ့ အခုလိုပုံစံလေးက ကလေးလေးတစ်ယောက် ဂျီကျနေတဲ့ ပုံစံလေးနဲ့တောင်တူနေ၏။

ဟိုတစ်နေ့က သူ့အကြောင်းတွေပြောပြခဲ့ပြီးတဲ့နောက် ယွင်ရှီးဟာ သူ့အပေါ်မှာ ပိုပြီး ပွင့်လင်းလာခဲ့ပြီးတော့ ပိုပြီးတော့လည်းခင်တွယ်လာခဲ့သည်။

"ဖြုတ်တော့လဲ ဘာဖြစ်လဲ ... တခြားအလုပ်ရှာလို့ရတာပဲကို ... "

"မင်းကပြောအားရှိပေမယ့် ငါ့မှာက အဲ့အလုပ်ပဲရှိတာလေ ... ငါက အဲ့အလုပ်နဲ့အသားကျနေပြီ။
တခြားအလုပ်လဲလုပ်မှမလုပ်တတ်တာ "

"လုပ်ပါများရင် လုပ်တတ်သွားလိမ့်မယ် ...
ခင်များ ဒီလိုငိုနေလို့ရော အလုပ်က ရလာမှာမို့လို့လား ... ကလေးလိုငိုမနေနဲ့ ထတော့ "

ဖေးယွီက ကလေးနဲ့နှိုင်းလိုက်တော့ သူ့ကို မျက်မှောင်ကုတ်ပြီးကြည့်ကာ မြေကြီးပေါ်ကနေ ဆက်ကနဲ ထလာတော့၏။

"ချန်မင်နဲ့ဝူလျန်တို့ဆီကနေ အကူအညီတောင်းကြည့်ပေးမယ် ... "

ဖေးယွီကသာ စကားတွေပြောပေးနေပေမယ့် ယွင်ရှီးကတော့ မျက်ရည်ဝဲနေတာမပျောက်သွားသေး။

"မငိုနဲ့တော့လို့။ အလုပ်အတွက် အကူအညီတောင်းပေးမယ်လို့ ပြောနေတာကို "

"ငါ မငိုပါဘူး "

"ခင်များ မျက်ရည်ဝဲနေတာလေ "

"အဲ့လိုမဟုတ်ပါဘူး ... ငါ .. ငါ "

"ဘာလဲပြော "

Safe And SoundWhere stories live. Discover now