"ကူညီပေးပါ ...
မဖြစ်ဘူး ..
မလာနဲ့ မလာနဲ့လို့ "ရေဓာတ်ခမ်းခြောက်နေတဲ့ နှုတ်ခမ်းပါးလေးကနေ ကူညီပေးဖို့တောင်းဆိုနေတဲ့အသံလေးဟာ တိုးလျလွန်းလှသည်။
မျက်လုံးတွေမှိတ်လျက်သားဖြင့် ခေါင်းကိုယမ်းနေတဲ့ ယွင်ရှီးဟာ တစ်ခုခုကို ငြင်းဆန်နေတာမို့လို့ သက်သာလို့သက်သာငြား သူ့ရဲ့ လက်လေးကို ဖေးယွီဆုပ်ကိုင်ပေးလိုက်ပြီး ပခုံးလေးကိုဖွဖွလေးပုတ်ပေးလိုက်သည်။
သူ့လက်ပေါ်မှာပဲ သတိလစ်သွားခဲ့တာမို့လို့ ကုန်းပိုးပြီးတော့ အိမ်ကိုခေါ်လာကာ စောင့်ကြည့်နေရသည်။ ဆေးရုံသွားဖို့ကလဲ အနည်းငယ် ဝေးတာကြောင့် ချန်မင်အား အနီးဆုံးဆေးခန်းရှိရာဆီကို အပြးသွားခိုင်းလိုက်ရသည်။
ရေအနည်းငယ်ခပ်ပြီးတော့ နှုတ်ခမ်းနားလေးကို တေ့ပေးလိုက်တော့ ကြောင်ပေါက်လေး ရေသောက်သလိုမျိုး ~
အခုမှပဲ ခြောက်သွေ့သွေ့နှုတ်ခမ်းလေးဟာ စိုသွားတော့တယ်။
"ဖေးယွီ ဆရာဝန်ခေါ်ခဲ့ပြီ "
ဆရာဝန်ရောက်လာတော့ ဖေးယွီ ထိုင်နေရာကနေ ချက်ချင်းပဲထလိုက်ပြီး နေရာပေးလိုက်သည်။
ဆရာဝန်က စစ်ဆေးစရာရှိတာလေးကို သေချာစစ်ပေးနေ၏။ ဗိုက်ကို လက်လေးနဲ့ဖိပြီးစမ်းလိုက်တဲ့အခါ ယွင်ရှီးရဲ့ ခန္ဓာကိုယ်လေးဟာ တွန့်ကနဲဖြစ်သွား၏။
"အစာအိမ်အောင့်တာပါ ... ကျွန်တော် ဆေးလေးပေးခဲ့မှာမို့လို့ သေချာလေးတိုက်ပေးစေချင်တယ် အစာအိမ်ကအောင့်ပါများရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်နိုင်လို့ပါ "
ချန်မင်က ဆရာဝန်ကို ပြန်လိုက်ပို့တော့ ဖေးယွီ
က ယွင်ရှီးဘေးနားလေးမှာထိုင်ပြီး မျက်နှာလေးကို သေချာလေးကြည့်နေမိသည်။အနီးကပ်မြင်နေရတဲ့ ရှည်လျလျမျက်တောင်စိပ်စိပ်လေးတွေဟာ ဖြောင့်စင်းနေ၏။
သူ့ရဲ့လက်ဖဝါးတစ်ခုစာ သာသာလေးပဲရှိတဲ့ သေးငယ်လွန်းတဲ့ မျက်နာလေးမှာလဲ ခပ်ပါးပါးနှုတ်ခမ်းလေးနှင့်အတူ ပေါ်လွင်နေတဲ့ နှာတံလေးဟာ လိုက်ဖက်စွာရှိနေသည်။