Chapter-10[Z×U]

120 30 2
                                    

အေးစိမ့်စိမ့် ခံစားမှုနဲ့အတူ မျက်ဝန်းတွေဟာ ဝေဝါးစွာဖြင့် ပွင့်လာခဲ့သည်။ မှောင်မည်းနေသည့်အခန်းမှာ နိုးလာခဲ့တဲ့အတွက် ကြောက်လန့်တကြားဖြင့် လူးလိမ့်ထလာရင်း ဘေးပတ်လည်ကိုကြည့်မိလိုက်သည်။

သူ့လိုအရွယ်ကလေး ၅ ယောက်က တံခါးကို တဘုန်းဘုန်းထုရင်းနဲ့ အော်ဟစ်ငိုယိုနေကြ၏။
သူကတော့ ဘာဖြစ်သွားမှန်းမသိတာကြောင့် နံရံနဲ့ကျောပြင်ကိုကပ်လိုက်ပြီး ဒူးထောင်ကာ ထိုကလေးတွေကိုကြည့်နေလိုက်သည်။

" ဒုန်း "ဟူသော အသံကျယ်ကြီးနဲ့အတူ ပွင့်လာတဲ့ တံခါးကြောင့် အော်ဟစ်ငိုယိုနေကြတဲ့ ကလေးတွေလည်း ကြောက်လန့်တကြားနဲ့ အနောက်ကိုဆုတ်ကြလေ၏။

ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ဆွဲခေါ်သွားလိုက်ကြတာ သူရယ် ၊ ကောင်မလေးတစ်ယောက်ရယ် နှစ်ယောက်တည်းကျန်ခဲ့၏။ ကောင်မလေးဆိုပေမယ့် သူ့ထက်အနည်းငယ်ကြီးပုံရသည်။
ထိုကောင်မလေးရဲ့ ခြေလှမ်းတွေက ကြောက်ရွံနေတဲ့သူ့ဆီကို ဖြည်ဖြည်းချင်းစီတိုးလာရင်းနဲ့ သူ့ဘေးနားမှာထိုင်ချလိုက်သည်။ ပြီးနောက် တုန်ယင်နေတဲ့ သူ့ရဲ့လက်တွေကို ဆုပ်ကိုင်ပေးကာ ပြုံးပြီးတော့ စကားတစ်ခွန်းပြောခဲ့သည်။

"မကြောက်ပါနဲ့ "

မကြာခင်မှာပဲ လူတစ်ယောက်ဝင်လာပြီးတော့ ထိုတံခါးကို ဂျက်ချလိုက်၏။

ပြီးတော့ ....

ပြီးတော့ သူဘာမှမသိတော့ ... နာကျင်လို့ အော်ဟစ်နေတဲ့အသံက သူ့နားထဲမှာ ကြားရတစ်ချက်မကြားရတစ်ချက်။ အားတင်းစွာဖြင့်သေချာနားထောင်နေပေမယ့်လဲ သူ အမှောင်ထုဆီကိုသာပြန်ရောက်သွားခဲ့သည်။

~~~

"မလုပ်နဲ့ .... "

ရှိုက်သံပြင်းပြင်းနဲ့အတူ လန့်နိုးလာခဲ့တဲ့ ယွင်ရှီးရဲ့ မျက်နှာပြင်ဟာ အင်မတန်မှကိုဖြူလျော့နေ၏။
နဖူးစပ်နားမှာ ရှိနေတဲ့ ချွေးတွေကို လက်ဖဝါးဖြင့် သုတ်လိုက်ပြီးတော့ ဘေးနားမှာ အဆင်သင့်ရှိနေတဲ့ ရေကရားကိုယူပြီး ခွက်ထဲရေထည့်ကာ
တစ်ကျိုက်တည်းမော့သောက်လိုက်သည်။

Safe And SoundWhere stories live. Discover now