"ရပြီမလား သွားပြီ "
ကုန်းကိုအနည်းငယ်ကျော်သွားပြီဖြစ်သည့်အတွက် ဖေးယွီက ဟိုလူရဲ့လက်ကို ဖြုတ်ချလိုက်သည်။ တစ်ဖက်လူဆီက တုံ့ပြန်စကားကိုမရသေးခင်မှာပဲ သူအရင်ထွက်သွားလိုက်သည်။
"နေပါဦး ... ခဏလေး "
အနောက်ကနေ လှမ်းခေါ်လိုက်တဲ့အသံကြောင့် ဖေးယွီရပ်လိုက်ရသည်။ အသံရှိရာဘက်ဆီကို လှည့်ပြီး ဘာလဲ ဆိုတဲ့ပုံစံဖြင့် မေးငေါ့လိုက်တော့ ထိုသူက မဝံ့မရဲလေးက ကြည့်ကာ ကျေးဇူးတင်ကြောင်းပြောလာ၏။
"မလိုဘူး ရတယ် "
စကားကိုခပ်ပြတ်ပြတ်ပြောခဲ့လိုက်ပြီး ချန်မင်ရဲ့အိမ်ဆီကို ဦးတည်လိုက်သည်။
အနောက်ကနေ ဆက်ပြီးကြားနေရတဲ့ ခြေသံကြောင့် ဖေးယွီအနောက်ကိုလှည့်ကြည့်လိုက်ရပြန်သည်။"ခင်များ ဘာလို့ ကျုပ်နောက် ဆက်လိုက်နေရတာလဲ "
"မဟုတ်ပါဘူး ငါက ငါ့လမ်းငါသွားတာပါ "
ဒီတစ်ခါတော့ မဝံ့မရဲပုံမဟုတ်တော့ပဲ ရန်တွေ့နေသလိုပုံလေးနဲ့ပြောလာသည်။
"အနောက်ကို ဆက်လိုက်မလာနဲ့ "
ဟိုလူက ဘယ်လိုပင်ငြင်းသော်ငြား ဖေးယွီမယုံတာကြောင့် သတိပေးတဲ့လေသံဖြင့်ပြောလိုက်၏။
"ခင်များ ဆက်လိုက်လာတုန်းပဲလား "
ချန်မင်တို့အိမ်နားရောက်သည်အထိ ဟိုလူက အနောက်မှာ ပါလာတာမို့လို့ ဖေးယွီစိတ်တိုသွားသည်။ စိတ်ြ်မန်တဲ့သူဖြစ်သည့်အတွက်
ထိုလူရဲ့လည်ပင်းနားက အကျီ င်္စတွေကို ဆွဲကိုင်လိုက်သည်။"ပြော ... ခင်များဘာလိုချင်လို့ ကျုပ်နောက်လိုက်လာရတာလဲ ... ပြော "
ဖေးယွီရဲ့ အမူအရာကိုကြည့်ပြီး ဟိုလူက လန့်သွားပုံရသည်။ အင်အားမရှိတဲ့ ထိုလူရဲ့
လက်တွေက သူ့ရဲ့လက်တွေကို ဖြုတ်ချဖို့ကြံရွယ်နေပေမယ့် အချည်းနှီးသာဖြစ်နေ၏။"အားအကုန်ခံပြီး လုပ်မနေနဲ့ ဘာမှထူးလာမှာမဟုတ်ဘူး ကျုပ်မေးတာကိုသာဖြေ "
ဖေးယွီက အကျီ င်္စတွေကို ပိုမိုတင်းကျပ်စွာ ကိုင်လိုက်တော့ " လွှတ်ပေး " ဆိုတဲ့အသံလေးနဲ့အတူ သူ့ကိုတွန်းကန်နေတဲ့ လက်တွေက အေးစက်လာပြီး တုန်ယင်နေသည်ကို ခံစားလိုက်ရသည်။