Chapter - 8 [Z×U]

148 31 7
                                    

"ဖေးယွီ သွားရအောင် "

ဖေးယွီအလုပ်ဝင်တာ ဒီနေ့နဲ့ဆိုရင် ၁ ပတ်ပင်ပြည့်ခဲ့ပြီ။ နေ့တိုင်းနေ့တိုင်း အလုပ်ကိုအတူတူသွားတာကြောင့် ဖေးယွီက သူ့ကို ကုန်းထိပ်လေးမှာ အမြဲစောင့်နေကြဖြစ်သည်။

"ငါ ဒီနေ့လဲ ထမင်းချိုင့်ထည့်လာတယ် "

ယွင်ရှီးကသာမန်ဆိုထမင်းချိုင့်ထည့်လေ့မရှိပေမယ့် ဖေးယွီအလုပ်ဝင်ပြီး နောက်တစ်နေ့ကနေစပြီး ၂ ယောက်လုံး လုံလုံလောက်လောက်စားနိုင်သည့် ထမင်းချိုင့်ကို အမြဲပြင်လာတော့သည်။

"ဘာလို့ ယူလာတာလဲ အလုပ်ရှုပ်အောင်လို့ "

"မရှုပ်ပါဘူး ... အပြင်မှာ ဝယ်စားရတာ ပိုက်ဆံကုန်တယ်လေ "

ယွင်ရှီးပြောတော့ သူကခေါင်းလေးတညိမ့်ညိမ့်နဲ့ နားထောင်လေရဲ့။

"မေ့နေတာ ဒီနေ့ ရုံးကိုတန်းသွားရမှာမဟုတ်ဘူး ... ဆောက်လက်စ ဆေးရုံအပိုင်းကို တာဝန်ယူထားတဲ့ မန်နေဂျာဆီကိုသွားရမှာ ... ပစ္စည်းစာရင်းချုပ်ထားတဲ့ ဖိုင်ကိုသွားယူရမှာမို့လို့ "

"ဟုတ်လား အဲ့တာကို အဲ့ကိုပဲသွားမယ်လေ
ဘာကားစီးရမှာလဲ "

"နံပါတ် 67 စီးရမှာ ဒါပေမယ့် အဲ့ကားကအရမ်းကျပ်တာ "

ယွင်ရှီးက မျက်နှာလေးရှုံ့ပြီး  သက်ပြင်းချကာပြောလိုက်သည်။ လူကျပ်တဲ့ကားကိုစီးရမှာဖြစ်သည့်အတွက် စိတ်ကသိပ်မကြည်လှ။

"ဒီမှာ ကားစောင့်နေတဲ့သူတွေတစ်ဝက်ကျော်က အဲ့ကားကိုစီးကြမှာ ... ငါတို့ ကားပေါ်မြန်မြန်တက်ဖို့လိုတယ် "

ခြေဖျားထောက်ပြီးတော့ သူ့ရဲ့ နား နားကိုကပ်ပြီး တိုးတိုးလေးပြောလာတဲ့ ယွင်ရှီးရဲ့ကလေးဆန်ဆန်စကားကြောင့် ဖေးယွ်ီပြုံးမိသွားသည်။

ယွင်ရှီးရဲ့အပြုအမူတွေက အပြင်ကကြည့်ရင်သာ လူကြီးဆန်တယ် ၊ တစ်ခုခုကို ကြောက်လန့်နေတယ် ဆိုပြီးသာ ထင်ကြတာ တကယ်က ကလေးဆန်သည့်အပြုအမူတွေလဲရှိသည်။ ဥပမာ အခုလို Bus ကားပေါ် လုတက်မယ်ဆိုတဲ့ ကလေးဆန်တဲ့အတွေးမျိုးပေါ့

လွယ်အိတ်လေးကို ဘေးသိုင်းလွယ်တဲ့ အနေအထားနဲ့ပြောင်းလွယ်လိုက်ပြီးတော့ ထမင်းချိုင့်လေးကိုင်ကာ ကားလာမယ့်လမ်းကို မျှော်ကြည့်နေတဲ့ ယွင်ရှီးရဲ့ ပုံရိပ်လေးက တကယ်ကလေးလေးတစ်ယောက်လို။

Safe And SoundWhere stories live. Discover now