အပိုင်း ( ၁ )

2.6K 174 9
                                    

[ Zawgyi ]

မှောင်မဲပြီး သစ်ပင်ကြီးများအုံ့ဆိုင်းနေတဲ့ တောအုပ်တစ်ခုထဲမှာ အသက် ၁၇နှစ်လောက်သာရှိသော လူငယ်လူရွယ် ၄ယောက်လောက်က တောအုပ်ကို ပတ်ပတ်လည်ကြည့်ရင်း သူတို့မျက်နှာတွေကလည်း အလွန်တရာကိုကြောက်ရွံ့နေဟန်ပေါ်သည် ။

"တောက မူမမှန်တော့ဘူး ၊ ငါတို့ ပြန်ကြရအောင် ဖန်းရှင်း"

လူငယ်လေးယောက်ထဲက နှစ်ယောက်ဟာ အထက်တန်းစားဝတ်စုံတွေနဲ့ဖြစ်ပြီး မျိုးရိုးမြင့်အသိုင်းအဝိုင်းထဲက ဖြစ်ဟန်တူသည် ။ နောက်နှစ်ယောက်ကတော့ အစေခံလိုလို သက်တော်စောင့်လိုလိုပါပဲ ။ထိုထဲက အပြာရောင် ဝတ်စုံနဲ့ လူငယ်လေးဟာ တုန်ရီနေတဲ့အသံနဲ့ ထိုသို့ပြောလာတာဖြစ်တယ် ။

"မင်းကလည်းကွာ ၊ ငါတို့အခုချိန်ထွက်သွားရင် သူတို့ကို ငါတို့ရှုံးသွားမှာပေါ့ ၊ စိတ်ချပါ ဘာမှကြောက်စရာမလိုဘူး ၊ မနက် မိုးသောက်တာနဲ့ ငါတို့ ဒီက ထွက်သွားလိုက်ရင် သူတို့ကိုငါတို့နိုင်ပြီ"

ဖန်းရှင်းဆိုတဲ့ လူငယ်လေးက ထိုသို့ပြန်ပြောလာတာဖြစ်တယ် ။ ဖန်းရှင်းဟာ ယခု ကျင်းနိုင်ငံရဲ့ အငယ်ဆုံး မင်းသားတစ်ဦးပင်ဖြစ်တယ် ။ မင်းသားက ငယ်ရွယ်သူပီပီ နန်းတော်ထဲက မကြာခဏခိုးထွက်လေ့ရှိပြီး မြို့တော်ထဲက အိမ်တော်ကြီးသခင်လေး မင်ကျိုး နဲ့ အလွန်တရာရင်းနှီးတဲ့အဆင့်ပင်ရောက်နေပြီဖြစ်တယ် ။ယခုအခြေအနေကတော့ မင်းသားနဲ့ မင်ကျိုးတို့ကို ရှန်းအိမ်တော်က သခင်လေးတစ်ဦးဖြစ်တဲ့ ရှန်းသခင်လေးတို့နဲ့လောင်းကြေးထပ်ပြီး ဒီတောအုပ်ထဲရောက်နေတာဖြစ်တယ် ။ ဖန်းရှင်းဟာ သူ့ရဲ့ ပုံစံအမှန်ကို ဖုံးကွယ်ထားတာကြောင့် အားလုံးဟာ မင်ကျိုးကလည်း သူ့ကို သူငယ်ချင်းတစ်ယောက်လိုဆက်ဆံတယ်။ ဒါပေမယ့် အဲ့ဒီရှန်းအိမ်တော်က အကောင်ကတော့ သူ့ကိုခဏခဏရန်လာစနေတာမို့မကျေနပ်ဘူး ။

ယခုလည်း သူ့ကို ရွာသားတွေရဲ့ ပါးစပ်ဖျားမှာ ဒီတောအုပ်ဟာ တစ္ဆေသရဲတွေပေါတယ်ဆိုပြီး ကောလဟာလတွေထွက်နေတာမို့ အဲ့ဒီရှန်းအကောင်က ဒီတောအုပ်ထဲ ၁ညနေနိုင်မလားဆိုပြီးလောင်းကြေးထပ်လာတာမို့ လူရွယ်ပီပီ မခံချင်စိတ်ကြောင့် ယခုလို လက်ခံလိုက်ခြင်းဖြစ်တယ် ။ မင်ကျိုးကတော့ သူ့ရဲ့ကိုယ်ရံတော်နှစ်ယောက်နဲ့ ဖန်းရှင်းနောက်ကိုအဖော်လိုက်ပေးခဲ့တာဖြစ်တယ် ။

Start To Finish [ Complete ]Where stories live. Discover now