အပိုင်း ( ၂ )

814 129 31
                                    

[ Zawgyi ]

"လျှိုချင်းပြဇာတ် ဒီည စပြီနော်ဟေ့ ! နေရာအပြေးယူထားမှ တော်ကာကြမယ်"

မြို့ထဲနေရာတိုင်းက စားသောက်ဆိုင် ဈေးဆိုင်တိုင်းမှာ ထိုအသံတွေ တစ်စတစ်စ ပျံ့လွင့်နေတယ် ။ လျှိုချင်းပြဇာတ်ဆိုတာနဲ့ ယောက်ျားပျိုနဲ့ မိန်းမပျိုတွေပဲ ကြိုက်တယ်မထင်လေနဲ့ ။ သက်ကြီးရွယ်အို တွေက အစ အလုအယက်ကြည့်ကြတာဖြစ်တယ် ။ ထိုသို့သော လုယက်ကြည့်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ လျှိုချင်းပြဇာတ်ရဲ့ ခေါင်းဆောင်မင်းသားချောကြောင့်ဆိုတာ မလွဲဧကန်ပဲပေါ့ ။

စားသောက်ဆိုင်ရဲ့ ညာဘက်ထောင့်စားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ လူနှစ်ယောက်ရှိတယ်။ထိုထဲက တစ်ယောက်က စားသောက်ဆိုင်ထဲ ဆူညံနေတဲ့ ထိုလျှိုချင်းပြဇာတ်ဆိုတဲ့ အကြောင်းအရာကိုကြားတော့ မျက်ခုံးများက ပင့်တတ်သွားပြီး သူ့ရှေ့က လူကို တည်ငြိမ်လွန်းတဲ့အသံနေအသံထားနဲ့ မေးမြန်းလိုက်တယ် ။

"လျှိုချင်းပြဇာတ် ဆိုတာက ဘာမို့လို့ လူတွေက အဲ့လောက်ထိဖြစ်နေရတာလဲ"

ထိုအမေးကို ကြားတော့ အရှေ့ကလူက သောက်လက်စ လက်ဖက်ရည်ခွက်ကိုချပြီး တစ်ချက်မျှပြုံးတယ် ။

"အိမ်ရှေ့စံမင်းသားက မြို့ထဲကအကြောင်းအရာတွေမသိသေးလို့ပါ ၊ လျှိုချင်းပြဇာတ်ဆိုတာက လူသူမရွေး လုယက်ကြည့်ရှုရတဲ့ထိ နာမည်ကြီးတယ် ၊ ပြဇာတ်ကောင်းတာလည်းပါပေမယ့် အဓိကမင်းသားကြောင့် ယောက်ျားရောမိန်းမရောကပါ အသည်းအသန် ကြိုက်ကြတာမို့ ပိုနာမည်ကြီးတာ"

အဖြေစကားအဆုံးမှာ အိမ်ရှေ့စံထံမှ ရယ်သံတိုးတိုးဟာ ပျံ့လွင့်လာတယ် ။ အိမ်ရှေ့စံဟာ မည်သူကိုမှ အထင်မကြီးသည့်တိုင် စောစောကပြောလိုက်တဲ့ စကားကိုလည်း သိပ်ယုံချင်ပုံ မရဘူး ။ ဘယ်လို ချောမောလွန်းတဲ့ လူမို့လို့ မိန်းမရော ယောက်ျားကပါ သဘောကျနိုင်ရမှာလဲ ။ မဖြစ်နိုင်တဲ့ စကားပင်မဟုတ်ပါလား။

"ဟားဟား .. ဒါက အရမ်းများမနေဘူးလား အစ်ကိုယန် "

"အိမ်ရှေ့စံ မယုံဘူးဆိုရင် ကျွန်တော်တို့ရောသွားကြည့်လိုက်ရင် မကောင်းဘူးလား"

Start To Finish [ Complete ]Where stories live. Discover now