အပိုင်း ( ၁၄ )

445 81 13
                                    

[ Zawgyi ]

တစ်ငြိမ့်ငြိမ့်သွားနေတဲ့လှည်းယာဉ်နဲ့အတူ ကျီဟန့်ရဲ့အတွေးတွေကပျံ့လွင့်နေတယ် ။ မျက်နှာချင်းဆိုင်မှာထိုင်ပြီး သူ့ကိုငေးကြည့်နေတဲ့ ဖန်းရှင်းကိုတောင်သတိမပြုမိဘဲနဲ့ပေါ့ ။

အခု သူတို့က မင်းနေပြည်တော်ကို သွားနေတာပဲဖြစ်တယ် ။ ကျီဟန့်အတွေးထဲမှာ ကျန်ရစ်ခဲ့တဲ့တစ်ယောက်သောသူဟာနေရာယူလို့နေပါတယ် ။ ကောင်လေးဟာ ၂ရက်တိတိ သူ့ရှေ့မှာပေါ်မလာခဲ့သလို ယခုသူသွားနေတဲ့လမ်းခရီးကိုတောင်သိမယ်မထင်ပါဘူး ။ ပြောတော့ ချစ်တယ်ဆို ။ ခဏတာ ပေါ့ပျက်ပျက်ထွက်လာတဲ့စကားတစ်ခွန်းပေလား ၊ ဒါမှမဟုတ် တစ်ဒင်္ဂအပျော်အတွက် လှည့်စားခဲ့လေခြင်းလား ။ ဘာကိုမှမတွေးချင်တော့တာမို့ သက်ပြင်းအသာချပြီး ငြိမ်ငြိမ်လေးသာနေလိုက်ပြန်တော့တယ် ။

ရပ်သွားတဲ့ လှည်းယာဉ်ကြောင့် ကျီဟန်အနည်းငယ်တော့ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ် ။ ဖန်းရှင်းက လှည်းယာဉ်ပေါ်ကဆင်းပြီး ကျီဟန့်ဆီကိုလက်ကမ်းပေးတယ် ။ ဟုတ်သားပဲ သူ့မှာအဓိကတာဝန်တစ်ခုရှိသေးတယ် ။
ကျီဟန်က ပြုံးရုံသာပြုံးပြီး ဖန်းရှင်းလက်ကိုလှမ်းကိုင်လို့ လှည်းပေါ်ကဆင်းလိုက်တယ် ။ ပြီးတဲ့နောက်မှာတော့ သူသိပ်မုန်းတဲ့မင်းနေပြည်တော်နန်းဆောင်ကြီးကိုတွေ့လိုက်ရပါတော့တယ် ။ အစောင့်များစွာနဲ့ အလွန်ကို လှပပေမယ့် တကယ်တမ်းက ညစ်ညမ်းလွန်းတဲ့နေရာတစ်ခုပင် ။

"ကော လက်တွေအေးနေတယ် ဘာဖြစ်လို့လဲ နေလို့မကောင်းဘူးလား"

ချက်ချင်း ကျီဟန့်နှဖူးပေါ်ရောက်လာတဲ့ ဖန်းရှင်းရဲ့လက်တွေ ။ ကျီဟန် ရုန်းဖို့ပြင်လိုက်ပေမယ့် သည်းခံရမယ်ဆိုတဲ့စိတ်ကြောင့်ငြိမ်နေခဲ့ပါတယ် ။

"မဟုတ်ပါဘူး .. ကောစိတ်လှုပ်ရှားနေလို့ပါ"

"ဘာမှမဖြစ်ဘူး ကျွန်တော့်လက်ကိုဒီလိုပဲဆွဲထား အားလုံးအဆင်ပြေသွားလိမ့်မယ်"

ဖန်းရှင်းဟာ ကျီဟန့်ကိုပြုံးပြလာပါတယ် ။ သေချာပေါက်အရိုးသားဆုံးအပြုံးတွေပေါ့ ။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက ထိုကောင်ငယ်လေးအတွက် သူပြန်ပေးတာ အပြုံးအစစ်တစ်ခုမဟုတ်ခဲ့ဘူး။

Start To Finish [ Complete ]Where stories live. Discover now