အပိုင်း ( ၂၂ )

441 76 14
                                    

[ Zawgyi ]

"ကော"

ရေဆွဲနေရင်း မနီးမဝေးကထွက်လာတဲ့ အသံကြောင့် လှည့်ကြည့်မိတော့ သူ့ဆီကို ဆူပုတ်ပုတ်နဲ့လျှောက်လာတဲ့ အားရှင်းကို တွေ့တယ် ။

"ကောကို ဘယ်သူကရေခပ်ခိုင်းလို့လဲ ၊ ဘာမှမလုပ်နဲ့လို့ပြောထားတယ်မလား"

"ဘာမှမလုပ်လို့တော့ရမလား အားရှင်းရဲ့ ကောက မင်းတို့ဆီမှာအလကားနေရတာစိတ်မလုံတော့ဘူး"

"ဘာစိတ်မလုံစရာရှိလဲကောရယ် ကောက အားရှင်းရဲ့ကျေးဇူးရှင်လေ အခု ကောဒုက္ခရောက်နေတဲ့အချိန်မှာ အားရှင်းက ပြန်ပြီးကူညီခွင့်ရတာ ဘယ်လောက်ကောင်းလိုက်လဲ"

"ဟုတ်ပါပြီ ဒါပေမယ့် ကော က ရေလေးပဲခပ်တာပါ နော် "

မျက်ဝန်းဝိုင်းလေးတွေကို ချစ်စဖွယ်ပုံစံပြောင်းကာပြောလိုက်တော့ အားရှင်းကပဲ သဘောအကျကြီးပြုံးလို့ ခေါင်းငြိမ့်လိုက်ရတယ် ။

"ပြီးရော ဒါဆို ဒီတစ်ခေါက်ခပ်ပြီးရင် တော်တော့နော်"

"အင်း ကော ဒီတစ်ခေါက်ပြီးရင် ချောင်းစပ်မှာရေသွားချိုးတော့မှာ"

"အင်းအင်း ဒါဆို အားရှင်းသွားပြီနော်"

"အင်း"

အားရှင်းထွက်သွားတော့မှ ကျီဟန်က ပြုံးနေရာကနေ ပုံမှန်ထက်ညိုးနွမ်းနေတဲ့မျက်နှာထားဖြစ်သွားတယ် ။ သူ ကုန်းကျွင်းဆီကနေ ထွက်ပြေးလာခဲ့တာ ဒီရွာကိုပင်ဘယ်လိုရောက်လာလဲမသိ ။ တိုက်ဆိုင်လွန်းတာလားပဲ .. သူ နန်းတွင်းထဲရှိနေတဲ့နှစ်အတွင်း အားရှင်းတောင်မှ အိမ်ထောင်ကျပြီး ဒီရွာမှာအခြေချနေပြီ ။ အားရှင်းက သူ့ကိုတွေ့ပြီး ကူညီခဲ့တယ် .. သူတို့ နဲ့အတူ နေဖို့ကိုလေ ။ သူအစက လက်မခံခဲ့ဘူး .. ဘာလို့ဆို ကြင်စဦးဇနီးမောင်နှံနှစ်ယောက် နဲ့အတူနေရမယ်ဆိုတာကမသင့်တော်ဘူးလေ ။ ပြီးတော့ အားရှင်းရဲ့ခင်ပွန်းကလည်း လက်ခံမှာမဟုတ်လောက်ဘူး ။ ဒါပေမယ့် အားရှင်းရဲ့ခင်ပွန်းက သိပ်ကိုသဘောထားပြည့်ဝသူဖြစ်တာကြောင့် အားရှင်းရဲ့ကျေးဇူးရှင်ဆိုပြီး သူ့ကိုနေဖို့ အတင်းတိုက်တွန်းလေတယ် ။ ဒီလိုနဲ့ သူဒီရွာမှာနေခဲ့တာ ၁ လပင်ပြည့်သွားခဲ့ပြီဖြစ်သည် ။

Start To Finish [ Complete ]Where stories live. Discover now