အပိုင်း ( ၁၅ )

530 86 21
                                    

[ Zawgyi ]


ကုန်းကျွင်း အဆောင်တော်မှာထိုင်နေရင်း အတွေးများလို့နေတယ် ။ ခဏနေတော့ ကိုယ်ရံတော်ယန်က ပြန်ရောက်လာတယ် ။

"အိမ်ရှေ့စံမင်းသား"

"ပြော..ကိုကိုက နန်းတော်ထဲဘယ်လိုကိစ္စကြောင့်ရောက်နေတာလဲ"

"ကျွန်တော်မျိုးသိလာတာက ကျန်းသခင်လေးက မင်းသားဖန်းရှင်းခေါ်လာတဲ့ အထူးပုဂ္ဂိုလ်ပါတဲ့"

"ညီတော်ခေါ်လာတာ .."

ကုန်းကျွင်းအမှန်တကယ်ပင်စိတ်ရှုပ်သွားမိတယ် ။ ဖန်းရှင်းပြောတဲ့ စကားတွေကိုပြန်ဆက်ကြည့်ရင် သူက သေချာပေါက် ကိုကို့ ကို သဘောကျနေတာပဲ ။ ဒီကိစ္စက ရိုးရှင်းမလိုနဲ့သိပ်ကိုရှုပ်ထွေးနေမှာပင် ။ ဘာလို့ဆို ကိုကိုက အနာဂတ်မှာ သူ့ကြင်ယာတော်ဖြစ်လာရမှာလေ ။ ကိုကို လက်မခံချင်ရင်တောင် ကုန်းကျွင်းက အတင်းအကြပ်ယူမှာပဲ ။ ဒါပေမယ့် ဖန်းရှင်းကရော ။ ကုန်းကျွင်းက ညီတော်အငယ်ဆုံးဖြစ်တဲ့ဖန်းရှင်းကိုချစ်တယ် ။ ဒီလိုပဲ ဖန်းရှင်းကလည်း ကုန်းကျွင်းကိုအလွန်လေးစားတဲ့သူပင် ။ ဒီကိစ္စမှာ ဖန်းရှင်းသာသဘောထားကြီးပေးရင် အဆင်ပြေပါလိမ့်မယ် ။

"ကောင်းပြီ .. ဒါဆို အခု ကိုကို နေတဲ့အဆောင်ကို လိုက်ပို့ပါ"

"မှန်လှပါ အိမ်ရှေ့စံ"

ခြေလှမ်းခပ်ကြဲကြဲနဲ့သွားနေပေမယ့် ကုန်းကျွင်းရင်တွေထဲစိုးရိမ်နေတယ် ။ မနေ့က ကိုကို့ ပုံစံအရသူ့ကို ခွင့်လွှတ်ပေးဖို့ခက်ခဲလိမ့်မယ် ။ ကိုကိုက သူ့ကို အရမ်းကိုစိတ်ဆိုးသွားတာ ။

"ရောက်ပါပြီ အိမ်ရှေ့စံ"

"ကောင်းပြီ .. ဒီအဆောင်နားကိုဘယ်သူ့မှမလာခဲ့ဖို့ သတိပေးလိုက်"

"အမိန့်အတိုင်းပါ"

ကိုယ်ရံတော်ယန်ထွက်သွားတာနဲ့ ကုန်းကျွင်းထံမှ အိမ်ရှေ့စံတစ်ယောက်ရဲ့အရှိန်အဝါတွေဟာ ပျောက်လို့ အပြစ်လုပ်ထားလို့အဆူခံရမှာကြောက်တဲ့ ကလေးတစ်ယောက်လိုပုံစံဖြစ်သွားပြီး ပူပန်မှုတွေနဲ့လေပူတစ်ချက်မှုတ်လို့ အဆောင်တော်တံခါးကိုတွန်းဖွင့်လိုက်တယ် ။

Start To Finish [ Complete ]Where stories live. Discover now