အပိုင်း ( ၂၀ )

445 69 12
                                    

[ Zawgyi ]

ရက်သတ္တပတ်ကုန်လွန်လေပြီ ။

ယနေ့ဟာ ဧကရာဇ်ရဲ့ မွေးနေ့မင်္ဂလာနေ့ရက်ပင် ။ တစ်တိုင်းပြည်လုံး ပျော်ပွဲရွှင်ပွဲတွေကျင်းပနေကြသလို နန်းတွင်းထဲမှာလည်း ကခြေသည်တွေနဲ့ ပျော်ပါးနေကြသည် ။ ဧကရာဇ်မင်းကိုယ်တိုင်ကတော့ ရာပုလ္လင်ထက် ကျကျနနထိုင်ပြီး ကခြေသည်တွေအစား မျက်ဝန်းသေတွေနဲ့ထိုင်နေတဲ့ အနီးနားက ကြင်ယာတော်ကျန်းကိုသာ ရီဝေဝေစိုက်ကြည့်နေခဲ့သည် ။

ခဏအကြာမှာ ကြင်ယာတော်ကျန်းက ထိုနေရာကနေထထွက်သွားသည် ။ ဧကရာဇ်ထဖို့ပြင်လိုက်ပေမယ့် မှူးမတ်တွေရဲ့ ' ဧကရာဇ် မသွားသင့်သေးပါဘူး ' ဆိုတဲ့ စကားတွေကြောင့် သူ့မှာပြန်ထိုင်နေလိုက်ရတယ် ။ သူ့ရဲ့မွေးနေ့ပင်မို့ သူမရှိရင် အထမမြောက်ဘူးဆိုတာကပါသေး .. အပိုတွေပါ သူတို့ဘာသာသောက်စားပျော်ပါးနေတာ ဒီဧကရာဇ်ကို ရှိတယ်လို့တောင်မထင်ဘဲနဲ့များ ။ ဧကရာဇ်မင်းကုန်းကျွင်းက စိတ်ထဲကနေ မကျေမနပ်ရေရွတ်ရင်းသာ မရိုးမရွနဲ့ဆက်ထိုင်နေလိုက်ရတယ် ။

ကျီဟန် ဆူညံ့ပွက်လောရိုက်နေတဲ့နေရာကနေထွက်လာပြီး တိတ်ဆိတ်အေးချမ်းတဲ့ ချယ်ရီပင်အောက်ကိုရောက်လာသည် ။ ညဘက်မို့ ချယ်ရီပင်အောက်က ကန်ရေပြင်ထဲ လရိပ်ရောင်ရဲ့အလင်းတွေထင်ဟပ်လို့ တဖျက်ဖျက်လက်နေလေသည် ။ ခပ်ဖြေးဖြေးတိုးဝှေ့သွားတဲ့လေကြောင့် ရုတ်တရက်မို့စိမ့်ကနဲဖြစ်သွားပေမယ့် အရမ်းအေးတဲ့ရာသီမဟုတ်တာကြောင့် ဘယ်လိုမှတော့မနေပါ ။

ကျီဟန် စိတ်တွေလေနေခဲ့တယ် ။ အခုဆို သူ့ကိုအမြဲတမ်းအကူအညီပေးခဲ့တဲ့ ဝူမင်လည်းမရှိတော့ဘူး ။ သူ့မှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသားပေမယ့်လည်း အခုချိန်မှာ သူအားလုံးကိုလက်လွတ်ချင်တဲ့ထိ စိတ်ဓာတ်ကျမိတယ် ။ အထူးသဖြင့် ထိုကြောက်စရာကောင်းတဲ့ ဧကရာဇ်ဆိုတဲ့ကောင်လေးကြောင့်ပင် ။ အချစ် ဆိုတဲ့ စကားလုံးနှစ်လုံးဟာ လူတစ်ယောက်လုံးကိုဖျက်စီးပစ်နိုင်စွမ်းရှိမှန်း ကျီဟန်မသိခဲ့ရိုးအမှန်ပါ ။ သူသာသိခဲ့ရင် ဘယ်သူ့ကိုမှချစ်မိခဲ့ဖို့ ကြိုးစားမိမှာမဟုတ်ဘူး ။

Start To Finish [ Complete ]Nơi câu chuyện tồn tại. Hãy khám phá bây giờ