အပိုင်း ( ၂၃ )

476 66 13
                                    

[ Zawgyi ]

( Warning!! Warning အကြီးကြီးပေးပါတယ်နော်၊ ရိုင်းတဲ့စကားလုံးတွေပါမှာမို့ ဘာညာသာရကတွေမကြားချင်ပါဘူး။မဖတ်ချင်ကျော်သွားပါ )

"ငါကိုယ်တော်မေးနေတယ်လေ..ဘယ်မှာလဲလို့ ! "

ကြင်ယာတော်ကျန်းအဆောင်ထဲက အပျိုတော်တွေခမျာ အသက်တောင်မရှူရဲကြဘူး။ကြင်ယာတော်ကျန်းက ချန်ချန်နဲ့အတူ နှစ်ယောက်ထဲထွက်သွားပြီး ယခုအချိန်ထိပြန်မလာသေးတာပင်။ညီလာခံသွားတဲ့ မင်းကြီးက ပြန်လာချင်းချင်း သူ့ကြင်ယာတော်ကိုမတွေ့လို့ ဒေါသပုန်ထနေလေတော့ ကြားထဲကသူတို့ပင် မြေစာပင်ဖြစ်ရချည်ရဲ့။

"မေးနေတယ်လေ ! ဘယ်သူ့မှမကြားဘူးလား"

အနီးနားက မြေပန်းအိုးတစ်ခုဟာ ဧကရာဇ်ဒေါသကြောင့် ကွဲကြေသွားလေပြီ။ထိုအချိန်မှာပဲ အဆောင်တော်တံခါးဟာပွင့်လာပြီး အပေါ်ဝတ်စုံတောင်မပါဘဲ အဖြူရောင် ဝတ်စုံအပါးလေးနဲ့လျှောက်သွားပြီး ပြန်လာတဲ့ ကြင်ယာတော်ကျန်းကိုတွေ့လိုက်ရသည်။ထိုတော့မှ အပျိုတော်တွေခမျာ စိတ်နည်းနည်းအေးသွားရတယ်။

ကုန်းကျွင်းက ကိုကို့ကိုတွေ့တာနဲ့အနားကို ချက်ချင်းပြေးသွားလိုက်တယ်။

"ကိုကို ! မင်းဘယ်တွေသွားနေတာလဲ"

"နေပါဦး ဒါကဘာတွေဖြစ်ထားတာလဲ"

ကိုကိုက သူ့အမေးကို မဖြေခင်ကြမ်းပြင်ပေါ်ကျကွဲနေတဲ့ ပန်းအိုးအပိုင်းအစတွေကိုကြည့်လို့မေးလာသည်။ကုန်းကျွင်းမျက်ခုံးနှစ်ခုဟာထိလုမတတ်ဖြစ်လာတယ်။သူက ကိုကို့ လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လို့ မေးသည်။

"ကိုကို ! ငါမေးနေတယ် မင်းဘယ်သွားတာလဲလို့"

ကျယ်ဟန့်က သူ့ကိုဆွဲလှုပ်ယမ်းနေတဲ့ ကုန်းကျွင်းလက်ကိုအတင်းပုတ်ထုတ်ပြီး ရုန်းထွက်လိုက်တယ်။ပြီးတာနဲ့ သူဟာ ကုန်းကျွင်းအား မော့ကြည့်ပြီး အံ့ကြိတ်လို့ဖြေတယ်။

"ငါ့ဘာသာဘယ်သွားသွား မင်းအပူပါလို့လား"

သူ့စကားကြောင့် ကုန်းကျွင်းမျက်နှာဟာ ကြောက်မက်ဖွယ်ကောင်းလာသည့်တိုင် သူကလည်းအရှုံးပေးမည့်ပုံမပေါ်ဘူး။

Start To Finish [ Complete ]Where stories live. Discover now