အပိုင်း ( ၁၉ )

404 74 16
                                    

[ Zawgyi ]

( A/N - ဒီအပိုင်းကို အသက်မပြည့်သူများမဖတ်ပါနဲ့ ၊ ကြိုပြောပါတယ်နော် ၊ clean shipper တွေဆိုလည်း ဖတ်ရအဆင်မပြေရင်ကျော်သွားလိုက်ပါ )

ထပ်ပြီး အနီရောင် အခမ်းအနားတစ်ခုကိုကျော်ဖြတ်ရတယ် .. မိဖုရားခေါင်တင်မြှောက်ပွဲတဲ့ ။ သူ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေထက် ပိုလို့လွယ်ကူလာသလိုခံစားရတယ် ။ အခုချိန်မှာ သူအားလုံးကိုဖျက်စီးဖို့ စတင်လို့ရပြီဆိုပေမယ့် သူကိုယ်တိုင်က ဘာကြောင့်တွေဝေနေမိမှန်းမသိဘူး ။ ဒီလိုအခွင့်အရေးကို ထိုကောင်လေးဟာ သူ့အားတမင်ပေးနေတယ်လို့တောင်ခံစားနေရတယ် ။

အတွေးများနေတုန်း အဆောင်တော်တံခါးကပွင့်လာတယ် ။ ကောင်လေးဝင်လာတယ်အထင်နဲ့မတ်တပ်ရပ်လိုက်ပေမယ့် တကယ်တမ်းမထင်မှတ်ထားတဲ့ မျက်နှာတစ်ခုကြောင့် ကျီဟန်က ချက်ချင်းပဲမျက်နှာပျက်လို့ စိုးထိတ်သွားမိတယ် ။

"ဝူမင် .. မင်းဒီကိုဘယ်လိုရောက်လာတာလဲ"

ဝူမင်က အနီရောင်ဝတ်စုံကိုဝတ်ထားတဲ့ ချစ်ရတဲ့သူအနားကို လျှောက်သွားတယ် ။ ဘာတွေဖြစ်နေလဲဆိုတာ သူသေချာမသိရပေမယ့် ရန်ဘာတွေလျှောက်လုပ်နေလဲဆိုတာတော့ သူသိတယ် ။

"ရန် .. ! မင်း အဲ့လိုတောင်လုပ်တော့မလို့လား .. ဒါက မင်းဘဝတစ်ခုလုံးနော် ၊ မင်းက မင်းဘဝတစ်ခုလုံးကို အဲ့ဒီဧကရာဇ်ကို ပေးလိုက်တော့မယ်ပေါ့"

"ဝူမင် .. မင်းပြန်လိုက်ပါ ၊ ငါ လိုအပ်ရင်ခေါ်လိုက်ပါ့မယ် ခဏနေကြရင် ဧကရာဇ်ရောက်လာတော့မှာ"

ကျီဟန်က အသည်းအသန်ပင် ဝူမင့်အားပြန်ရန်တိုက်တွန်းတယ် ။

"ရန် .. မင်းအဲ့လောက်ထိလုပ်စရာမလိုပါဘူး ၊ ငါပြောပြမယ် မင်းလက်စားချေချင်ရင် ငါကူညီနိုင်တဲ့နည်းလမ်းတွေအများကြီးရှိတယ်"

"ဝူမင် .. ငါဘာလုပ်ရမလဲ ငါသိတာမို့ ပြန်ပါတော့"

"မရဘူး မင်းအဲ့လိုလုပ်လို့မရဘူး ရန် .. မင်းလက်စားမချေရသေးခင် မင်းခန္တာကိုယ်တစ်ခုလုံးကို သူက အပိုင်ရပြီးနေပြီလေ .. ရန် မင်းသေချာစဉ်းစားဖို့ ငါနဲ့ပြန်လိုက်ခဲ့ရမယ်"

Start To Finish [ Complete ]حيث تعيش القصص. اكتشف الآن