အပိုင်း ( ၃ )

623 126 17
                                    

[ Zawgyi ]

လျွင်ကျိုး စားသောက်ဆိုင် ။
အဆင့်မြင့် သိုင်းပညာ သမားတွေ စုဝေးရာနေရာတစ်ခု ။ ခရမ်းရောင်ဝတ်ရုံရှည်နဲ့ တန်ဖိုးကြီး ဓားအိမ်တစ်ခုကို ကိုင်ဆောင်ထားတဲ့ လူတစ်ဦးက သူရဲကောင်းအချို့ စုဝေးနေတဲ့ ဝိုင်းဆီ တန်းတန်းမတ်မတ်လျှောက်လှမ်းလာတယ် ။

"သူရဲကောင်းတို့ "

ထိုလူရဲ့ အသံကိုကြားတော့ စုဝေးနေတဲ့ သူရဲကောင်းအချို့က လှည့်ကြည့်လာကြတယ် ။

"မင်းက ဘယ်သူလဲ ဘယ်ကလဲ ဘာကိစ္စရှိလို့လဲ "

ထိုခရမ်းရောင်ဝတ်စုံနဲ့လူက သူ့အရှေ့က သူရဲကောင်းတွေကို တစ်ချက်မျှ အရိုအသေပေးကာ နှုတ်ခမ်းတွေတွန့်ရုံမျှပြုံးပြီး စကားကိုဆိုတယ် ။

"ချန်းဝူမင် လို့ခေါ်ပါတယ် ၊ ကျွန်တော်က ကျန်းနန်က လာတဲ့ သာမာန်သိုင်းသမားတစ်ဦးပါ ဒီက သူရဲကောင်းတို့ကို အကူအညီတစ်ခုတောင်းစရာရှိလို့ပါ"

စကားပြောကောင်းတဲ့ထိုလူကြောင့် သူရဲကောင်းတွေက သူ့တို့ကိုယ်သူတို့ မာန်တတ်လာဟန်ပါပဲ ။ ခေါင်းကိုမော့ပြီး ဝူမင် အားစကားတုန့်ပြန်တယ် ။

"ကောင်းပြီလေ ၊ ဧည့်သည်ဆိုတော့လည်း ကူညီရမှာပေါ့ ၊ ဘာများလဲ"

"ဒီမြို့ထဲက အချောအလှတွေပေါတဲ့ နေရာတစ်ခုကို ညွန်ပြပေးနိုင်မလား"

ထိုလူရဲ့ စကားကြောင့် အရှေ့က သူရဲကောင်းတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးတယ် ။ သူတို့စိတ်ထဲလဲ တွေးနေမှာပေါ့ ။ ဒီအမျိုးသားဟာ နေ့ခင်းကြောင်တောင်ကြီး အပျော်လာရှာရတဲ့ထိ ရမ္မက်ကြီးလှချည်လား ဆိုပြီးတော့ပေါ့ ။

"ဒီလောက်ကတော့ ကူညီနိုင်ပါတယ်"

"ကျေးဇူးတင်ပါတယ် သူရဲကောင်းတို့"

ထိုလူက သူရဲကောင်းတွေကိုထပ်မံ အရိုအသေပေးပြန်ပါတယ် ။ ခပ်ထေ့ထေ့ အပြုံးတစ်ခုကလည်း ထိုလူရဲ့ နှုတ်ခမ်းထက်မှာ နေရာယူပါတယ် ။ သေချာပေါက် ခန့်မှန်းရခက်တဲ့အပြုံးမျိုးပဲပေါ့ ။

⋇⋆✦⋆⋇ 

"ဘယ်လိုလဲ အစ်ကိုယန် သိရပြီလား"

Start To Finish [ Complete ]Where stories live. Discover now