အပိုင်း ( ၁၃ )

449 84 16
                                    

[Zawgyi ]

"တောက် ! ဘယ်လိုလွတ်သွားတာလဲ"

လှပလွန်းတဲ့မျက်နှာနဲ့မလိုက်ဖက်စွာ အမျက်ဒေါသတွေဆူပွက်နေတဲ့ လျန်ရင်းအာကြောင့် အစေခံမလေးက ခေါင်းကိုမြေကြီးထဲဝင်မတတ်ငုံ့လို့ထားတယ် ။

"အဲ့ဒီလူကိုလည်း ငါမသင်္ကာဘူး .. ကုန်းကျွင်းနဲ့ သူ့ကြားမှာတစ်ခုခုတော့ရှိရမယ်"

သူမက တစ်ကိုယ်တည်းရေရွတ်လို့ ဝတ်ရုံစကိုဖိကိုင်ပြီးအံ့ကိုကြိတ်လိုက်တယ် ။ တကယ်ကို ကြမ်းတမ်းလှတဲ့ နှလုံးသားတစ်စုံလည်းသူမ မှာရှိတယ် ။

⋇⋆✦⋆⋇ 

ကုန်းကျွင်းနဲ့ ကျီဟန် တို့ မြင်းတစ်စီးတည်းနှစ်ယောက်သားအတူစီးရင်းတစ်နေရာကိုခရီးနှင်လာခဲ့တယ် ။ ကျီဟန် ကုန်းကျွင်း နဲ့အတူသွားဖို့နှစ်ကြိမ်တိတိ ကတိပေးပြီးမသွားဖြစ်ခဲ့တဲ့နေရာကိုပေါ့။

ထိုနေရာကိုရောက်တော့ ကုန်းကျွင်းက မြင်းပေါ်ကဆင်းပြီး ကျီဟန့်ကိုအောက်ဆင်းစေတယ် ။ ပြီးတော့ မြင်းကို သစ်ပင်တစ်ပင်မှာချည်ခဲ့ပြီး ကျီဟန့်လက်ကိုတွဲကာ တောင်ပေါ်ကိုဦးဆောင်၍တတ်သည် ။ တဖြည်းဖြည်း မတ်စောင့်လာတဲ့တောင်ကြောင့် ကျီဟန်ကအနည်းငယ် ပင်ပန်းစပြုနေပြီ ။ သူကတောင်တွေမတတ်ခဲ့ဖူးဘူး ။

နောက်ဆုံးတော့ အလိုရှိရာနေရာကိုရောက်လာခဲ့တယ် ။ ကျီဟန့်ရဲ့မောပန်းနေတဲ့စိတ်တွေက ပျောက်ချင်းမလှပျောက်ကုန်ပါတယ် ။

တောင်ပေါ်မှာ မကြီးမသေးအိမ်လေးတစ်လုံးရှိပြီး ခပ်ထီးထီးချယ်ရီပင်နဲ့ ဆာကူရာပင်တို့က တစ်ဖက်တစ်ချက်စီမှာ လှလှပပဝေဆာတည်ရှိနေသည် ။ အိမ်ရဲ့ပတ်ပတ်လည်မှာလည်း အလေ့ထပေါက်လေလော တမင်စိုက်ထား၍လော မသိတဲ့ ပန်းပင်ငယ်မျိုးစုံနဲ့ မြက်ပင်စိမ်းစိမ်းတို့က နေရာယူလို့နေတယ် ။ ပိုပြီးထူးခြားတာက ထိုမြက်ပင်နဲ့ပန်းပင်တွေပေါ်မှာပြေးလွှားခုန်ပေါက်ကာနေတဲ့ အဖြူအမဲယုန်လေးတွေပင်ဖြစ်သည် ။ ဤနေရာက ကျီဟန်စိတ်ကူးတောင်မယဉ်ခဲ့ဖူးတဲ့ နိဗ္ဗာန်ဘုံအလား ။

"ဘယ်လိုလဲ ကိုကို သဘောကျလား"

ဘေးနားက ကောင်လေးရဲ့အသံကိုကြားမှ ကျီဟန်က ငေးကြည့်နေရာကသတိပြန်ဝင်လာတယ် ။ သူက ကောင်လေးဘက်ကိုလှည့်ကြည့်ပြီး စကားဆိုတယ် ။

Start To Finish [ Complete ]Where stories live. Discover now