ဇာတ်သိမ်းပိုင်း

838 86 25
                                    

[ Zawgyi ]

မြက်ခင်းစိမ်းစိမ်းပေါ်မှာ မီးအိမ်လေးကိုချပြီး ယုန်လေးတစ်ကောင်ကို ပွေ့ပိုက်လို့ ကောင်းကင်ကြီးကိုမော့ကြည့်နေတဲ့ လူတစ်ယောက်ရှိတယ်။ လရောင်ကို အားကိုးပြီး ကွပ်ပစ်လေးပေါ်ထိုင်ကာ မြက်ခင်းစိမ်းပေါ်ကလူကိုငေးကြည့်နေတဲ့ ကောင်လေးတစ်ယောက်လည်းရှိခဲ့တယ်။

၁လ..၁လ တိတိရှိခဲ့ပြီ။ကိုကို ပြောတော့ ယုန်လေးတွေနဲ့ နေရရင်ပျော်နေမှာဆို။သူ အားလုံးကိုစွန့်လွှတ်ပြီး ကိုကိုနဲ့အတူဒီနေရာကိုရောက်လာခဲ့တာ ၁လတောင်ပြည့်ခဲ့ပြီလေ။ကိုကိုက ဘာလို့မပျော်တာလဲ။ကိုကို့လက်ပေါ်မှာတင်သေဆုံးသွားခဲ့တဲ့ ချန်ဝူမင်ကြောင့်လို့တော့မပြောပါနဲ့..ကုန်းကျွင်း အဲ့ဒီအရာကိုလက်မခံနိုင်ဘူး။

"ကိုကို ... အိပ်ကြရအောင် ညနက်နေပြီလေ"

ကုန်းကျွင်း ကိုကို့ဘေးနားမှာဝင်ထိုင်ပြီးပြောလိုက်ခြင်းဖြစ်သည်။ထိုအခါကိုကိုက ယုန်လေးကို သူ့လက်ထဲထည့်ပေးပြီး သူ့ပုခုံးပေါ်ခေါင်းလေးတင်လာတယ်။ကုန်းကျွင်းက ယုန်လေးကို တစ်ဖက်ပို့လိုက်ပြီး ကိုကို့ နားကိုပိုတိုးလို့ ကိုကိုသက်တောင့်သက်သာဖြစ်စေဖို့ သူ့ကိုယ်နေဟန်ထားကိုပြုပြင်လိုက်သည်။

"ကိုကို.."

"......"

"ကိုကို မပျော်ဘူးလား"

"......"

ိ"၁လတောင်ပြည့်သွားပြီလေ ကိုကို၊ ကိုကိုဘာကြောင့် ကတိမတည်တာလဲ"

ထိုစကားကြောင့် ကုန်းကျွင်းပုခုံးပေါ်ကနေကိုကိုက ထလာပြီး ကုန်းကျွင်းကိုကြည့်တယ်။ကိုကို့ မျက်ဝန်းထဲမှာတစ်စုံတစ်ရာကိုပြောချင်နေတဲ့အရိပ်အယောင်တွေရှိတယ်။ကုန်းကျွင်းပြောလာမလားလို့ စောင့်ကြည့်လိုက်ပေမယ့် ဘာမှမပြောလာတာကြောင့် ကုန်းကျွင်းတစ်ဖက်ကိုလှည့်ပြီး ဟက် ခနဲရယ်ချလိုက်တယ်။

"ကိုကို့ အတွက် ကျွန်တော်က ဘာမှမဟုတ်ခဲ့ဘူးထင်ပါတယ်၊ အဲ့ဒီလူလောက်တောင် ကျွန်တော်ကအရေးမပါခဲ့ဘူးမလား"

"....."

"ကျွန်တော်ထင်ခဲ့တာလေ..ကိုကိုနဲ့ ကျွန်တော် ဒီနေရာလေးကိုရောက်လာတာနဲ့ ယုန်လေးတွေနဲ့ဆော့ရင်း ကျွန်တော့်ကို စကားတွေအများကြီးပြောပြီး ပျော်ရွှင်နေတာကိုမြင်တွေ့ခွင့်ရမယ်ထင်ထားခဲ့တာ"

Start To Finish [ Complete ]Where stories live. Discover now